ဇာတ်ကားများ ရွေးရန်

Alien vs. Predator

2004ဇာတ်ကားBlu-Ray 1080p

ဒီတစ်ခါ မိတ်ဆက်ပေးမယ့်ရုပ်ရှင်ကတော့ Worst Fipm အနေနဲ့ နှစ်ဆုရထားပြီး Nominee ဝင်တဲ့ 4 ဆုလုံးကလည်း Worst Remake, Biggest Disappointment စသဖြင့် အဆိုးဆုံးရုပ်ရှင်တွေအတွက်ပဲ လျာထားခံရတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ ဂြိုလ်သားတွေနဲ့သားရဲကောင်တွေ စစ်ပွဲဖြစ်တဲ့နေရာကို စူးစမ်းလေ့လာတဲ့ လူသားတွေ တစ်နည်းအားဖြင့် သေချင်တဲ့လူတွေရောက်သွားပြီး ကြားညှပ်သွားတဲ့ဇာတ်လမ်းပါ။ ဝေလန်ဦးဆောင်တဲ့ စူးစမ်းလေ့လာရေးအဖွဲ့က အန်တာတိကတိုက်ရဲ့ လူမနေတဲ့ကျွန်းကနေ အပူပေါက်ကွဲမှုဖြစ်တာကို ရှာတွေ့ပြီး သွားရောက်လေလာဖို့လုပ်ပါတယ်။ သူတို့ကို လမ်းပြပေးဖို့ငှားတဲ့ လက်စ်က အဖွဲ့သားအားလုံးကို လေ့ကျင့်ပေးချိန်မလောက်လို့ အသင့်မဖြစ်သေးဘူးပြောတာကို သူများထက်စောရောက်ချင်တဲ့ ဝေလန်က နားမထောင်တဲ့အတွက် စတင်ထွက်ခွာလာပါတယ်။ ရောက်တာနဲ့ သူတို့သွားချင်တဲ့ ရေခဲပြင်အောက်က ပိရမစ်ဆီ တန်းဆင်းခဲ့ပါတယ်။ ပိရမစ်ထဲမှာ ထူးဆန်းတဲ့ ယဇ်ပူဇော်ခန်းဆောင်နဲ့ လက်နက်တွေ သတ္တဝါအရိုးတွေတွေ့ရပြီး ပြန်လမ်းမရှိတဲ့ စစ်ပွဲအလယ်ကို ရောက်သွားတဲ့အခါမှာတော့... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Shune Lai KK ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း