ဇာတ်ကားများ ရွေးရန်

Aliens vs. Predator: Requiem

2007ဇာတ်ကားBlu-Ray 1080p

ဒီရုပ်ရှင်ကတော့ ၂၀၀၄ ခုနှစ်မှာထွက်ရှိခဲ့တဲ့ Alien vs Predator ရဲ့ အဆက်ဖြစ်ပါတယ်။ ကမ္ဘာကနေထွက်သွားတဲ့ Predator ယာဉ်ပျံကြီးပေါ်မှာ Alien နဲ့ Predator မျိုးစပ်တစ်ကောင်က မွေးလာပြီးနောက် ယာဉ်ပျံပေါ်က Predator တွေကို လိုက်လံတိုက်ခိုက်တဲ့အတွက် အဲ့ယာဉ်ပျံကြီးက ကမ္ဘာကြီးပေါ်ကိုပြန်ကျလာပါတော့တယ်။ ယာဉ်ပျံပေါ်မှာက မျိုးစပ်တစ်ကောင်အပါအဝင် ဇီနိုမော့ဖ်တွေကလည်း ပါသေးတဲ့အတွက်ယာဉ်ပျံကပျက်ကျတဲ့အရှိန်နဲ့ ကမ္ဘာကြီးပေါ်ကို ပြန်ရောက်လာတဲ့အခါအကောင်တွေအကုန်လုံးကလွတ်သွားပါတော့တယ်။ အသက်မျော့မျော့ပဲကျန်ခဲ့တဲ့ နောက်ဆုံး Predator က သူမသေခင်အချိန်မှာ သူ့မျိုးနွယ်ကိုလှမ်းအကြောင်းကြားခဲ့တဲ့အတွက် ယာဉ်ပျံပျက်ကျရာ ကော်လိုရာဒိုကို Predator တစ်ကောင်ကထပ်လိုက်လာပြီး Alien မျိုးစပ်ကောင်နဲ့ ဇီနိုမော့ဖ်တွေကို လက်စဖျောက်ဖို့ ကြိုးစားတဲ့အခါ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို ကြည့်ရှုပေးကြပါဦး။ အညွှန်းနဲ့ ဘာသာပြန်ကိုတော့ Leon K Zaw ကတင်ဆက်ထားပါတယ်။

ဇာတ်လမ်းအကြောင်း