ဇာတ်ကားများ ရွေးရန်

Vivekanandan Viralaanu

2024ဇာတ်ကားWeb-dl 1080p

"ကြားသုံးကြားမဝင်ကောင်းဘူး"ဆိုတဲ့စကားအတိုင်း သူများအိမ်တွင်းရေးပြဿနာဆိုရင် လူတွေဟာ ဝင်ပါဖို့ လက်ရှောင်တတ်ကြပါတယ်။ ဒီလိုလျစ်လျူရှူမှုတွေကြောင့် အိမ်တွင်းအကြမ်းဖက်မှုတွေနဲ့ လင်မယားချင်းအလိုမတူပြုကျင့်မှုတွေက ရပ်တန့်သွားခြင်းမရှိပါဘူး။ အဲ့ဒီလိုပါပဲ ယောကျ်ားဖြစ်သူက သူ့မိန်းမ ဒါမှမဟုတ် သူ့ပါတနာကို မလိုမတူဘဲ ဆက်ဆံတာကို မုဒိမ်းမှုလို့ မသတ်မှတ်ကြတဲ့လူတွေလည်း ဒုနဲ့ဒေးပါ။ ဒီဇာတ်လမ်းလေးဟာဆိုရင် "လက်ထပ်ပြီးသွားရင်လည်းပဲ ကိုယ့်ခန္ဓာကိုယ်ကို ကိုယ်ပဲပိုင်တယ်၊ တရားဝင်လင်ယောကျ်ားတောင် မပိုင်ပါဘူး"ဆိုတဲ့အချက်ကို မီးမောင်းထိုးပြီး ပညာပေးထားတဲ့ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ် ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Zed ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း