ဇာတ်ကားများ ရွေးရန်

Magpie

2024ဇာတ်ကားအမှတ် 6/10Web-dl 1080p

နာမည်ကြီး Star Wars မင်းသမီး Daisy Ridley ပါဝင်သရုပ်ဆောင်ထားတဲ့ တစ်ကားလုံးအသည်းတယားယား အံကြိတ်ပြီးကြည့်နေရမဲ့ Thriller ဇာတ်ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့ Magpie ဖြစ်ပြီး လက်ရှိ IMDb Rating 6.0 အထိရရှိထားပါတယ်။ဇာတ်ကားလေးကရိုးရိုးအေးအေးလေးပေမဲ့ ကြည့်နေရင်းနဲ့ကိုဆက်ဆက်ကြည့်ချင်နေအောင်ဆွဲဆောင်နိုင်စွမ်းရှိပြီး မထင်မှတ်ထားတဲ့ Plot Twist တွေကိုလည်းချပြသွားဦးမှာဖြစ်တဲ့အတွက် လက်လွှတ်မခံကြည့်ရှုသင့်တဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ဒီဇာတ်ကားရဲ့အဓိကဇာတ်ကောင်တွေကတော့ အန်နက်နဲ့ဘန်ဆိုတဲ့လင်မယားနဲ့ သူတို့ရဲ့သမီးဖြစ်သူတီလီတို့ရဲ့မိသားစုလေးပဲဖြစ်ပါတယ်။ဇာတ်လမ်းအစမှာတီလီက ရုပ်ရှင်ဇာတ်ကားတစ်ခုမှာကလေးသရုပ်ဆောင်အဖြစ်ပါဝင်ခွင့်ရလို့ပျော်ရွှင်နေကြတာကို စတွေ့ရမှာဖြစ်ပါတယ်။အဲ့ဒါကြောင့် တီလီရိုက်ကွင်းကိုသွားဖို့အတွက် အားယားနေတဲ့စာရေးဆရာယောင်ယောင်သူ့အဖေကနေ့တိုင်းလိုက်ပို့ပေးရင်းကနေ ရိုက်ကွင်းကမင်းသမီးနဲ့ရင်းနှီးသွားပါတော့တယ်။ဒါပေမယ့်အချိန်ကြာလာတော့ တီလီ့ကိုအကြောင်းပြုပြီးစလာတဲ့ရင်းနှီးမှုတွေကများလာပြီး ဖောက်ပြန်တဲ့အဆင့်ကိုရောက်သွားတဲ့အခါမှာတော့ သူ့ယောက်ျားဖောက်ပြန်နေကြောင်းကိုအန်နက်သိသွားမလား မင်းသမီးနဲ့အိမ်ထောင်သည်ယောက်ျားတစ်ယောက်ရဲ့ဖောက်ပြန်နေတဲ့ဆက်ဆံရေးကရော ဘယ်လိုတွေဆက်ဖြစ်သွားမလဲဆိုတာကိုကြည့်ရှုရမဲ့လျှို့ဝှက်သည်းဖိုဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Eazy ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း