ဇာတ်ကားများ ရွေးရန်

Megalopolis

2024ဇာတ်ကားအမှတ် 5/10Web-dl 4K SDR

"ပိုကောင်းတဲ့အနာဂတ်ကို မမြင်ရရင် တည်ဆောက်လိုက်ပါ" ဆိုတဲ့ tagline နဲ့ ဆန်းသစ်တဲ့ Sci-Fi, Fantasy ရုပ်ရှင်ကို ခံစားကြည့်လိုက်ပါ။ ဇာတ်လမ်းအကျဉ်းက နိုဘယ်ဆုရထားတဲ့ ဉာဏ်ကြီးရှင် scientist ဆီဇာက ရောမမြို့သစ်ကို သူဖန်တီးထားတဲ့နည်းပညာနဲ့ စိတ်ကူးယဉ်နိုင်ငံ Megalopolis အဖြစ် ပြောင်းလဲပစ်ချင်တယ်။ သူ့မှာ သူမတူတဲ့ ဖန်တီးနိုင်စွမ်းနဲ့ပါရမီရှိပြီး သူ့အိပ်မက်ကို အကောင်အထည်ဖော်ဖို့ ထောက်ပံ့ပေးမယ့် သူ့ဦး‌လေး ဘဏ်လုပ်ငန်းရှင်သူ‌ဌေးကြီးလည်း ရှိတယ်။ ဒါမဲ့ ရောမမြို့ရဲ့မြို့တော်ဝန်စစ်စီရိုက လက်ရှိအတိုင်းပဲထားချင်ပြီး ဆီဇာကို ဆန့်ကျင်နေတဲ့ အတိုက်အခံသမား...သူတို့ပဠိပက္ခထဲမှာ ကြားညှပ်မယ့်သူက စစ်စီရိုရဲ့သမီး ဆီဇာကိုချစ်မိတဲ့ ဂျူလီယာ...ဆီဇာမှာလည်း သူ့ကိုပြိုင်နေတဲ့ ဝမ်းကွဲအစ်ကိုရှိပြီး...သူတို့ရဲ့အနှောင့်အယှက် အခက်အခဲပြဿနာတွေကြားကနေ သူ့ Utopiaကို တည်ဆောက်နိုင်မလား ဆက်လက်ရှုစားလိုက်ပါ။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Shune Lai KK ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း