Empire State
ဒီဇာတ်ကားလေးကတော့ လုပ်ငန်းတစ်ခုမှာ ငွေတွေ ဖောက်ထွင်းခံခဲ့ရတဲ့ ဖြစ်ရပ်မှန်အကြောင်းကို ပြန်လည်ရိုက်ကူးထားတာ ဖြစ်ပါတယ် ဒီဖောက်ထွင်းမှုဟာ ယူအက်စ် သမိုင်းမှာ အကြီးမားဆုံး ငွေသား ခိုးယူဖောက်ထွင်းမှု ဖြစ်ခဲ့ပါတယ် Empire State ဆိုတဲ့ ကုမ္ပဏီ တစ်ခုဟာ ငွေတွေကို နေ့စဉ် နေ့တိုင်း အထုပ်လိုက် သိမ်းရပါတယ် သိမ်းပြီးသားငွေကို မရေမတွက်ဘဲနဲ့ အခန်းထဲ လှောင်သိမ်းထားရတာပါ ထိုသေချာမစစ်ဆေးထားတဲ့ ငွေသိုလှောင်ခန်းကြီးကို လုံခြုံရေးကလည်း တင်းကြပ်စွာ မထားထားပါဘူး ထိုအခါမှာ အဲ့ကုမ္ပဏီကို အလုပ်ဝင်လုပ်ဖြစ်တဲ့ ခရစ် ပိုတာမိစ်ဟာ သူ့သူငယ်ချင်း လူမိုက်လေး အက်ဒီ အစွယ်ကောင်းမှုကြောင့် သူငယ်ချင်းနှစ်ယောက်ပေါင်းပြီး ခိုးဖို့ ဖြစ်လာခဲ့ကြပါတယ် အက်ဒီဟာ လူမိုက်လူနုံဖြစ်ပြီး ပါးစပ်လည်း ဖွာတတ်ပါတယ် ထို မလိုလားအပ်တဲ့ ပါးစပ်ဖွာရာကနေ ပြဿနာတွေ ဖြစ်လာပါတော့တယ် ဘယ်လိုတွေ ဖြစ်သွားကြလဲ ယူအက်စ်သမိုင်း အကြီးမားဆုံး ငွေသားအခိုးခံရမှုကြီးကို စိတ်ဝင်တစားနဲ့ ကြည့်ရှုကြရမှာပဲ ဖြစ်ပါတယ် ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Henny ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း