ဇာတ်ကားများ ရွေးရန်

The Witch : Revenge

2024ဇာတ်ကားWeb-dl 1080p

အခုတင်ဆက်ပေးမဲ့ဇာတ်ကားရဲ့ဒါရိုက်တာက အဲ့လိုသမိုင်းတွေကြောင့် ရှရှားတွေကိုမုန်းတီးပြီး ယူကရိန်းကိုကာကွယ်ခဲ့သူတွေကိုဂုဏ်ပြုသောအားဖြင့်ရိုက်ကူးထားတာဖြစ်ပါတယ်။ယူကရိန်းနိုင်ငံရဲ့ရုပ်ရှင်ဥပဒေကြောင့် တိုင်းတစ်ပါးဘာသာစကားတွေကို ၁၀ ရာခိုင်နှုန်းထက်ပိုထည့်သွင်းလို့မရတဲ့အတွက် ရှရှားတွေရဲ့အသံနေရာမှာယူကရိန်းအသံတွေထပ်ထည့်ထားရလို့မကျေနပ်ကြောင်းတွေပါပြောထားပါသေးတယ်။အဲ့ဒီကြောင့်ဒီကားထဲမှာ ကျူးကျော်သူရှရှားတွေကိုသွေးထွက်သံယိုရှယ်သမမှာဖြစ်တဲ့အတွက် ၁၈ နှစ်ပြည့်မှကြည့်ဖို့ပြောချင်ပါတယ်။ဇာတ်ကားနာမည်ကတော့ The Witch : Revenge ဖြစ်ပြီး လက်ရှိ IMDb Rating 5.4 အထိရရှိထားပါတယ်။ဇာတ်လမ်းအစမှာတော့အန်ဒရီနဲ့အိုလန်နာဆိုတဲ့အရာရာပြည့်စုံနေပြီး ပျော်ရွှင်စရာကောင်းတဲ့ မကြာခင်မှာလက်ထပ်တော့မဲ့စုံတွဲလေးကိုတွေ့ရမှာဖြစ်ပြီး သူတို့မှာအော့ဇီဆိုတဲ့ခွေးကလေးတောင်မွေးထားပါသေးတယ်။ဒါပေမယ့်ကံကြမ္မာကမျက်နှာသာမပေးချင်တော့ သိပ်မကြာခင်မှာပဲရှရှားကယူကရိန်းကိုကျူးကျော်စစ်တွေစလာပြီး နယ်စပ်နားမှာနေထိုင်တဲ့သူတို့စုံတွဲလည်းပြောင်းရွှေ့ရပါတော့တယ်။အိုလန်နာရဲ့အကြံပေးမှုကြောင့် အိုလန်နာ့အဒေါ်ဆီသွားတဲ့လမ်းမှာ ရှရှားစစ်သားတွေနဲ့တွေ့ခဲ့ပြီး ရှရှားတွေကကျူးကျော်သူတွေပီပီ ယုတ်မာဖို့ကြိုးစားတဲ့အတွက် စစ်တပ်မှာတာဝန်ထမ်းဆောင်ဖူးတဲ့အန်ဒရီက စစ်သားတွေအများကြီးနဲ့ရအောင်တိုက်ခိုက်ပြီး အိုလန်နာကိုသူ့အဒေါ်ဆီရောက်အောင်ပို့ပေးခဲ့ပါတော့တယ်။ဒါပေမယ့်ကျည်မှန်ထားတဲ့ဒဏ်ရာကြောင့်သေဆုံးသွားတဲ့အတွက် အန်ဒရီတစ်ယောက် သူ့ကောင်လေးအတွက်‌ ရှရှားတွေကိုဘယ်လိုတွေပြန်လက်စားချေသွားမလဲဆိုတာကို သွေးသံတရဲရဲ စိတ်ဝင်စားစရာကောင်းအောင်ကြည့်ရှုသွားရမဲ့ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ ဒီကားကိုအညွှန်းနဲ့ ဘာသာပြန်ဆိုသူက Eazy ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း