ဇာတ်ကားများ ရွေးရန်

Pard 888

2016ဇာတ်ကားWeb-dl 1080p

တစ်နာရီခွဲလုံး မနားတမ်းခွီရမယ့် ဝါရင့်ဟာသသရုပ်ဆောင်ကြီးတွေပါဝင်ထားတဲ့ Fast 888လေးကို ထိုင်းဟာသပရိသတ်တို့အတွက် တင်ဆက်ပေးလိုက်ပါပြီဗျ။ ဒီကားလေးထဲမှာ အကြွေစောခဲ့ရတဲ့ မင်းသမီးကြီးTang Mo ကလည်း ဇာတ်လိုက်‌ကျော်ပွန်ရဲ့ဇနီးနေရာက ပါဝင်ထားတာဖြစ်လို့ Tang Moအလွမ်းပြေ ရှုစားလိုသူတွေလည်း ခုပဲ ကြည့်ရှုလိုက်ကြပါဦးစို့။ ဇာတ်လိုက်ကျော်ပွန်နဲ့ သူ့ရဲ့သူငယ်ချင်းဝင်တို့ဟာ ဘတ်စ်ကားနံပါတ် ၈၈၈ ရဲ့ ဒရိုက်ဘာနဲ့စပယ်ယာပေါ့။ ပွန်တစ်ယောက် အပြင်မှာဆို မိန်းမနိုင်ကြောင်းကြွယ်ပြီး လူတွေကြားမှာ ဟီးရိုးဝင်လုပ်တတ်ပေမဲ့ တကယ့်လက်တွေ့မှာ မိန်းမရှိခိုးသွားမကျိုး မယကဂိုဏ်းဝင်လေးပါ။ ဒီလိုနဲ့ တစ်နေ့ အရင်ခေတ်က မထသဘတ်စ်ကားတွေလိုပဲ Fast and Furiousလို ဘတ်စ်ကားချင်းပြိုင်မောင်းရင်းကနေ ကားပေါ်ပါလာတဲ့ ဗရုတ်သုတ်ခရီးသည်တစ်သိုက်အပြင် ကျော်ကြီးဟီးရိုးဝင်ဝင်လုပ်လို့ အငြိုးထားနေတဲ့လူတစ်စုနဲ့ အလွဲတွေဖြစ်လာတဲ့အခါမှာတော့ အလွဲပေါင်းသောင်းခြောက်ထောင်နဲ့ ဘယ်လိုအခွီတစ်လိုင်းတွေဖြစ်လာမလဲဆိုတာ ရှုစားကြပါဦးစို့။ ဒီကားကိုအညွှန်းနဲ့ ဘာသာပြန်ဆိုသူက Saturn ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း