The Lost Children
လူ့ဘဝက မနက်ဖြန်ဘာဖြစ်မလဲဆိုတာတောင် ကြိုမသိနိုင်တဲ့ဖြစ်ရပ်တစ်ခုလိုပါပဲ ဒီဇာတ်ကားကတော့ ကိုလံဘီယာမိုးသစ်တောမှာ ရက်ပေါင်း ၄၀ ကြာပျောက်ဆုံးသွားတဲ့ မောင်နှမလေးယောက်အကြောင်းကို တကယ့်ဖြစ်ရပ်မှန်ကိုအခြေခံပြီးရိုက်ကူးထားတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ် လေယာဉ်ပျက်ကျပြီးနောက် ကိုလံဘီယာသစ်တောထဲမှာ ဟွေတိုတိုမျိုးနွယ်ရဲ့ဒေသခံတိုင်းရင်းသား ကလေး ၄ ယောက်က မိခင်သေဆုံးသွားတော့ လူသူမရှိတဲ့နေရာမှာရှင်သန်နိုင်ဖို့ စားစရာကိုကိုယ်တိုင်ရှာဖွေရုန်းကန်ခဲ့ရတာပေါ့ တောထဲမှာသောင်တင်နေလို့ ကယ်ဆယ်ရေးအဖွဲ့ကိုစောင့်ရင်း ဘိုးဘွားတွေသင်ပေးတဲ့အတိုင်း မရင်းနှီးတဲ့ပတ်ဝန်းကျင်မှာနေထိုင်ခဲ့ကြရပါတယ် သူတို့ကိုလိုက်ရှာနေကြတဲ့ လွန်ခဲ့တဲ့နှစ်ကအကျဉ်းချခံထားရတဲ့ သူတို့ရဲ့ရက်စက်ကြမ်းကြုတ်တဲ့အဖေ အပါအဝင် ဒေသခံတိုင်းရင်းသားတွေနဲ့ စစ်တပ်ကလည်း အသက်ရှင်သေးရဲ့လား သေဆုံးနေပြီလားမသိတဲ့ ကလေးတွေကို မျှော်လင့်ချက်ကြီးစွာနဲ့ရှာဖွေခဲ့ကြပါတယ် ဘာသာရေးအယူအဆတွေနဲ့ သူတို့တတ်နိုင်တဲ့နည်းလမ်းပေါင်းစုံနဲ့ ရှာဖွေခဲ့ကြတာပေါ့ ကလေးတွေမိသားစုရဲ့ဝမ်းနည်းပူဆွေးမှုကတော့အတိုင်းမသိပါပဲ ပျောက်ဆုံးနေတဲ့ ကလေး ၄ ယောက်ရဲ့သတင်းက နိုင်ငံတစ်ဝှမ်းကိုပျံ့နှံ့သွားပြီး လူအများရဲ့အာရုံစိုက်မှုနဲ့ စိုးရိမ်ပူပန်မှု ဝမ်းနည်းမှုနဲ့ ဆုတောင်းမေတ္တာပေးပို့မှုတွေကြောင့် ကလေးတွေကို အသက်ရှင်ရက်ပြန်တွေ့ပါ့မလားဆိုတာ..... ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Phyu ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း