ဇာတ်ကားများ ရွေးရန်

Battle of Memories

2017ဇာတ်ကားBlu-ray 1080p

ဒီတစ်ခေါက်မှာလည်း အရမ်းကိုကြည့‌်ကောင်းတဲ့ ဇာတ်ကားတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ အဓိကဇာတ်ဆောင်မင်းသားကြီးနှစ်ယောက်ရဲ့ သရုပ်ဆောင်ပိုင်းတွေကလည်း အားရစရာကြီးပါ။ မင်းသားကြီး Huang Bo နဲ့ Duan Yi Hong ပါ၀င်တဲ့ဇာတ်ကား‌ေတွတော်တော်များများက ကောင်းကြပါတယ်။ ဒီချန်နယ်ထဲမှာပဲ Huang Bo ရဲ့ The Island နဲ့ Duan Yi Hong ရဲ့ The Looming Storm ဆိုတဲ့ဇာတ်ကားကောင်းတွေကို ရှာကြည့်လို့ရပါတယ်။ ကျန်းဖုန်းဟာ နာမည်ကြီးစာရေးဆရာတစ်ယောက်ဖြစ်ပြီး သူ့စာအုပ်တွေဟာ ရုပ်ရှင်အဖြစ်ပြန်ရိုက်ကူးလောက်တဲ့ထိ ကျော်ကြားနေပြီ။ ဒါပေမယ့် သူဟာ အိမ်ထောင်ရေးအဆင်မပြေဖြစ်လို့ ကွာရှင်းဖို့ပါပြင်ဆင်နေပြီး မှတ်ဉာဏ်သခင်စင်တာဆိုတဲ့ နေရာတစ်ခုမှာ ကိုယ်မလိုချင်တဲ့ မှတ်ဉာဏ်အစိတ်အပိုင်းတွေကို ဖယ်လို့ရတယ်ဆိုလို့ သူမမှတ်မိချင်တော့တဲ့ မှတ်ဉာဏ်တချို့ကို သွားဖယ်လိုက်တယ်။ သူသွားဖယ်တဲ့နေ့မှာပဲ စင်တာမှာ အဓိကရုဏ်းဖြစ်ခဲ့လို့ သူ့မှတ်ဉာဏ်ချိ(ပ်)ပြားဟာ တခြားတစ်ယောက်နဲ့ လဲသွားခဲ့တာကို သူမသိလိုက်ဘူး။ ဖယ်ထုတ်လိုက်တဲ့သူ့မှတ်ဉာဏ်ကို ပြန်ထည့်ဖို့ဖြစ်လာတဲ့အချိန်မှာ သူမြင်နေရတာတွေက သူ့မှတ်ဉာဏ်တွေ မဟုတ်တော့ဘဲ လူသတ်မှုတစ်ခုနဲ့ ဆက်စပ်နေတာ သိလိုက်ရတယ်။ နောက်ပိုင်းမှာတော့ သူ့မှတ်ဉာဏ်တွေဟာ လူသတ်မှုတစ်ခုတည်းနဲ့ဆက်စပ်‌ေနရံုသာမကဘဲ လူတစ်ယောက်တည်းရဲ့မှတ်ဉာဏ်လားဆိုတာတောင် မသေချာတော့ဘူး။ ကျန်းဖုန်းရထားတဲ့မှတ်ဉာဏ်တွေက ဘယ်သူ့ရဲ့မှတ်ဉာဏ်တွေဖြစ်မလဲ။ ကျန်းဖုန်းနဲ့ရော ဘယ်လိုတွေ ဆက်စပ်မှုရှိနေမလဲဆိုတာကို မှတ်ဉာဏ်တွေထဲကနေ အရာရှိရှန်ဆိုသူနဲ့ အဖြေရှာကြတာကို ဇာတ်လမ်းအဆုံးထိ စိတ်၀င်တစားနဲ့ကြည့်ရှု့ရမှာပါ။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Su ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း