ဇာတ်ကားများ ရွေးရန်

For Your Eyes Only

1981ဇာတ်ကားBlu-ray 1080p

ဒီရုပ်ရှင်ကတော့ ဂျိမ်းစ်ဘွန်းဇာတ်ကားတွေထဲမှာ ၁၂ ကားမြောက်ဖြစ်ပြီး မင်းသားကြီး Roger Moore က MI6 ရဲ့ လျှို့ဝှက်အေးဂျင့် ဘွန်း၊ ဂျိမ်းစ်ဘွန်းအဖြစ် ပါဝင်သရုပ်ဆောင်ထားတာပဲ ဖြစ်ပါတယ်။ IMDb rating ကတော့ ၆.၇ လောက်ထိ ရှိပါတယ်။ ဇာတ်လမ်းအကျဉ်းမှာ - ဗြိတိသျှတွေရဲ့ အချက်အလက်စုဆောင်းရေးဆိုင်ရာသင်္ဘော ‘စိန့်ဂျော်ဂျီ’က အိုင်အိုနီယန်းပင်လယ်မှာ ထောက်လှမ်းရေးလုပ်ဆောင်နေရင်း နစ်မြှုပ်သွားခဲ့ပါတယ်။ သင်္ဘောပေါ်မှာတော့ အေတက်ခ်ဆိုတဲ့ စနစ်တပ်ဆင်ထားပြီး ဖြစ်ချင်တော့ အဲ့စနစ်နဲ့ ဗြိတိသျှရေတပ်က ရေငုပ်သင်္ဘောတွေအားလုံးကို ဒုံးကျည်ပစ်လွှတ်အောင် အမိန့်ပေးနိုင်တာပါပဲ။ သင်္ဘောက နစ်မြှုပ်သွားပြီးနောက် အဲ့စနစ်က ပျက်စီးသွားလားလည်း မသိရ - ဆိုဗီယက်တွေ သိသွားမှာစိုးလို့ သင်္ဘောပျက်ကို ပေါ်ပေါ်ထင်ထင်လည်း မရှာရဲတဲ့ ဗြိတိသျှရေတပ်ဗိုလ်ချုပ်ကြီးနဲ့ ကာကွယ်ရေးဦးစီးချုပ်တို့ ခေါင်းခဲရပါပြီ။ စိန့်ဂျော်ဂျီရဲ့တည်နေရာကို ဆိုဗီယက်တွေမသိစေဘဲ သိုသိုသိပ်သိပ် စုံစမ်းဖို့အတွက် ‘ဆာ တင်မိုသီ ဟာဗလော့ခ်’ဆိုတဲ့ ပင်လယ်ရေအောက်ရှေးဟောင်းယဉ်ကျေးမှု လေ့လာသူတစ်ဦးကို အကူအညီတောင်း အလုပ်ခိုင်းခဲ့သော်ငြား သင်္ဘောတည်နေရာကို သတင်းမပို့နိုင်ခင်မှာ သူက အဖြောင်ခံလိုက်ရပါတော့တယ်။ နောက်ဆုံးတော့ ထုံးစံအတိုင်း သူတို့ရဲ့ အတော်ဆုံးစပိုင် ၀၀၇ ကို ဆင့်ခေါ်ကာ သင်္ဘောပျက်တည်နေရာကို ရှာဖို့ စေခိုင်းတဲ့အခါ ကိုယ်တွေရဲ့ ဇာတ်လိုက်ကျော်ကြီး ဂျိမ်းစ်ဘွန်း ဘယ်လိုမျိုး စွန့်စားခန်းတွေ ဖွင့်မလဲဆိုတာ ခံစားကြည့်ရှုလိုက်ကြပါဦး။ ဒီထဲက Bond girl ကတော့ အတော်ချော အတော်လှတဲ့ ပြင်သစ်သူ Carole Bouquet ပါ။ သူမကတော့ တင်မိုသီဟာဗလော့ခ်ရဲ့ သမီး ‘မလီနာဟာဗလော့ခ်’ အဖြစ်ပါဝင်ထားပြီး မိဘနှစ်ပါး သတ်ခံရမှုအတွက် လက်စားချေဖို့ လိုက်စုံစမ်းရင်း မစ္စတာဘွန်းရဲ့ စုံစမ်းမှုကို အကူအညီပေးမယ့် သူကလေးဖြစ်ပါတယ်။ အညွှန်းနဲ့ ဘာသာပြန်ကိုတော့ Leon K Zaw ကတင်ဆက်ထားပါတယ်။

ဇာတ်လမ်းအကြောင်း