ဇာတ်ကားများ ရွေးရန်

Nyad

2023ဇာတ်ကားWeb-dl 1080p

ဒိုင်ယာနာ နိုင်ယာ့ထ်ဆိုတဲ့ မာရသွန်ရေကူးချန်ပီယံဟာ သူမ အသက် ၂၈နှစ်အရွယ်မှာ ကျူဘားကနေ ဖလော်ရီဒါကို ပင်လယ်ကနေ တဆင့် ရေကူးဖြတ်သန်းဖို့ ကြိုးစားခဲ့ပါတယ် ဒါပေမဲ့ သူ မအောင်မြင်ခဲ့ဘဲ ရေကူးခြင်းအားကစားကနေ သူ အနားယူခဲ့ပါတယ် နှစ် ၃၀ နီးပါး အကြာ အသက် ၆၁ နှစ်အရွယ်မှာ သူမဟာ ထိုမစ်ရှင်ကို ပြန်ပြီး ကြိုးစားချင်ခဲ့ပါတယ် ကျူဘားကနေ ဖလော်ရီဒါကို ပင်လယ်မာရသွန်ရေကူးတဲ့ စိန်ခေါ်မှုကို သူ ပြန်ပြီး လုပ်ချင်ခဲ့ပါတယ် ထိုသို့စိန်ခေါ်မှုကို ကြိုးစားတဲ့ လမ်းစဉ်တစ်လျှောက်မှာ ဒိုင်ယာနာရဲ့ အချစ်ဆုံးသူငယ်ချင်း ဘွန်နီက နည်းပြအဖြစ် ပါဝင်ပြီး ကူညီခဲ့ပါတယ် ဒီဇာတ်ကားလေးထဲမှာ ဘွန်နီဟာ ဒိုင်ယာနာဘေးမှာ ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် တူတူ ရှိနေပေးခဲ့ပါတယ် ဘွန်နီဟာ သူမအနားမှာ အသက် ၃၀ အရွယ်တွေကတည်းကနေ အခုချိန် နှစ် ၃၀ကျော်အကြာထိ အရာရာ အတူတူ လုပ်ပြီး ကျော်ဖြတ်သန်းလာခဲ့တဲ့ အမျိုးသမီးနှစ်ယောက်ရဲ့ ခိုင်မာတဲ့ သံယောဇဉ်ကို မြင်တွေ့ရမဲ့ ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူး တင်ဆက်ထားတဲ့ Biographical drama လေး ဖြစ်ပါတယ် ဒီကားကိုအညွှန်းနဲ့ ဘာသာပြန်ဆိုသူက Henny ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း