ဇာတ်ကားများ ရွေးရန်

Smile 2

2024ဇာတ်ကားWeb-dl 4K SDR

Horror လောကမှာတော်တော်နာမည်ကြီးသွားခဲ့တဲ့ Smile ရဲ့နောက်ဆက်တွဲ Smile 2 ထွက်ရှိလာပြီဆိုတော့ Horror ချစ်သူတွေအတွက်တော့ သတင်းကောင်းပါပဲ။ပထမကားမှာတုန်းက IMDb Rating 6.5 အထိရရှိခဲ့ပြီး အခုဒုတိယကားမှာ 7.1 အထိရရှိထားတယ်ဆိုတာတော့ ပိုကောင်းလာတယ်လို့ပြောရမှာပါပဲ။အောင်မြင်မှုကိုဆက်ထိန်းသိမ်းနိုင်ပြီး ပထမကားလောက်ကောင်းသေးလားဆိုတာကိုတော့ကြည့်ရှုသူကိုယ်တိုင်ပဲဆုံးဖြတ်ရမှာပါ။ပထမတစ်ကားကိုကြည့်ပြီးတဲ့လူတွေလည်း တော်တော်များများရှိပြီးလောက်သလို မကြည့်ရသေးတဲ့သူတွေအတွက် ဇာတ်လမ်းအကျဉ်းလေးပြန်နွှေးပေးလိုက်ချင်ပါတယ်။Smile မှာအဓိကကြောက်ရမှာက ကိုယ့်ရဲ့စိတ်ကိုစားသုံး ပြောင်းလဲပစ်နိုင်ပြီး နောက်ဆုံးမှာ ကိုယ့်ကိုယ်ကိုယ်သတ်သေအောင်လုပ်တဲ့ ကပ်ပါးကောင်လိုအရာကြီးကိုဖြစ်ပါတယ်။အဲ့ဒါကလက်ခံကောင်သေသွားလို့သေလားဆိုတော့လည်းမသေပဲနဲ့ ကိုယ့်ကိုယ်ကိုယ်သတ်သေတဲ့လူကိုမြင်လိုက်ရတဲ့လူဆီကိုဆက်လက်ကူးစက်ရင်းနဲ့ လူတစ်ယောက်ပြီးတစ်ယောက် ဇာတ်ကားနာမည် Smile ဆိုတဲ့အတိုင်း ပြုံးပြုံးကြီးသေအောင်လိုက်လုပ်နေတာပဲဖြစ်ပါတယ်။အခုတင်ဆက်ပေးမဲ့ 2 မှာဆိုရင်လည်းစလာကတည်းကအဲ့ဒီအဖြစ်အပျက်တွေကိုစမြင်တွေ့ရမှာဖြစ်ပြီး လူးဝစ်ဆိုတဲ့ဆေးသမားကောင်လေးဆီ စတင်ကူးစက်သွားပါတော့တယ်။ဒီဇာတ်လမ်းမှာအဓိကဇာတ်ကောင်ကတော့ နိုင်ငံကျော်အဆိုတော် စကိုက်ရိုင်လေဖြစ်ပြီး ဖြစ်ချင်တော့သူက ကူးစက်ခံထားရတဲ့လူးဝစ်ဆီမှာမူးယစ်ဆေးဝယ်သုံးနေကျဖြစ်နေပါတယ်။ဒီလိုနဲ့ စကိုက်တစ်ယောက် လူးဝစ်ကူးစက်ခံရပြီးတစ်ည သူ့ဆီမှာဆေးသွားဝယ်တဲ့အချိန်မှာ ဘယ်လိုအရာတွေကိုကြုံတွေ့ရပြီး ဒီလိုကြောက်စရာကောင်းတဲ့အရာကြီးကိုအဆုံးသတ်နိုင်ဖို့ဘာတွေလုပ်သွားမယ်ဆိုတာကို 1 တုန်းကလိုပဲ ကြမ်းကြမ်းတမ်းတမ်း သွေးထွက်သံယိုဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ရှုစားရဦးမှာဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Eazy ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း