Taxi
ဒီတစ်ခါတင်ဆက်ပေးချင်တာကတော့ IMDb-7 နဲ့ ခရမ်းချဉ်သီးပုပ် 81% ရထားတဲ့ ပြင်သစ် -ဟာသ/အက်ရှင်အမျိုးအစား - Taxi ဆိုတဲ့ နာမည်ကျော်ရုပ်ရှင်ဖြစ်ပါတယ်။ ဇာတ်လမ်းစစချင်းမှာ ပီဇာပို့တဲ့ ‘ဒန်နီရယ်’ဆိုတဲ့လူငယ်လေးက အလုပ်ကထွက်ပြီး တက္ကစီကားဆွဲတဲ့အလုပ်ကို ပြောင်းလုပ်ပါတယ်။ သူ့ဝါသနာက ပြိုင်ကားမောင်းချင်တာဖြစ်ပေမယ့် အကြောင်းကြောင်းကြောင့် တက္ကစီဆွဲတဲ့အလုပ်ကိုပဲ လုပ်ရပါတယ်။ အမြန်လိုတဲ့ခရီးသည်နဲ့ တွေ့တဲ့အခါကျ သူ့အစွမ်းတွေ ထုတ်ပြဖို့အတွက် အခါအခွင့်သင့်သလိုပါပဲ။တစ်နာရီမိုင် ၃၀ လို့ သတ်မှတ်ထားတဲ့နေရာကို ၁၂၀-၁၃၅ အဲ့လောက်နှုန်းတွေနဲ့မောင်းပစ်တာပါ။ သူမောင်းတဲ့ကားကတော့ ပြင်သစ်နိုင်ငံထုတ် Peugeot ဆိုတဲ့ကားလေးပါ။ တစ်ရက်ကျ ‘အီမီလီယံ’ ဆိုတဲ့ ရဲတစ်ယောက်ကို ရဲမှန်းမသိဘဲ သူသွားလိုတဲ့နေရာကိုလိုက်ပို့ပေးမိပြီးနောက် အီမီလီယံက သူ့ကို သူတို့ရဲ့ ယာဉ်ထိန်းရဲဌာနကြီးက ဖမ်းမမိတဲ့သတ်မှတ်နှုန်းကျော်အောင်မောင်းတတ်တဲ့ ကားသမားမှန်း သိသွားပါတော့တယ်။ အီမီလီယံကကားမမောင်းတတ်တဲ့အတွက် ဒန်နီရယ်ရဲ့ လိုင်စင်ကို သိမ်းပစ်လိုက်ပြီး သူအမှုလိုက်တဲ့နေရာတွေကို ကားမောင်းပြီးလိုက်ပို့ခိုင်းပါတော့တယ်။ လိုင်စင်ပြန်လိုချင်တဲ့ ဒန်နီရယ်အဖို့ရဲတွေကို ကြည့်မရပေမယ့် ကန့်လန့်ကန့်လန့်ဖြစ်ပြီး ရဲတွေလတ်တလောအမှုလိုက်နေတဲ့ကွင်းဆက် ဘဏ်ဓားပြတိုက်မှုတွေကို လိုက်လံဖမ်းဆီးပေးရပါတော့တယ်။ ဂျာမန်လူဆိုးတွေစီးတဲ့ ဂျာမန်နိုင်ငံထုတ် မာစီဒီးစ်ကြီးကို ပြင်သစ်နိုင်ငံထုတ် Peugeot ကားနဲ့ ပြင်သစ်သားဒန်နီရယ်တစ်ယောက် ဘယ်လိုအမီလိုက်ဖမ်းမလဲဆိုတာကို ရှုစားကြည့်ကြပါဦး။ ဒီပြင်သစ်’တက္ကစီ’ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားက စုစုပေါင်း ငါးကားအထိ ထွက်ရှိခဲ့ပြီးတော့နာမည်ကြီးလွန်းလို့ ၂၀၀၄ ခုနှစ်မှာတော့ ပထမဆုံးထွက်ရှိတဲ့ ယခုရုပ်ရှင်ကို Queen Latifah၊Jimmy Fallon နဲ့ Gisele Bündchen တို့က ပြန်လည်သစ်ဆန်းရိုက်ကူးခဲ့ပါသေးတယ်။ယခုဇာတ်ကားရဲ့ အဓိကဇာတ်ဆောင် ၂ ဦးဖြစ်တဲ့ ပြင်သစ်မင်းသား Samy Naceri နဲ့ Frederic Diefenthal တို့က လေးကားမြောက်အထိ ပါဝင်သရုပ်ဆောင်ကြပါတယ်။ ဒီရုပ်ရှင်ကားထဲက ပြင်သစ်မင်းသမီး Marion Cotillard ဟာဆိုရင်လည်း ဒီရုပ်ရှင်မှာ အတော်ကိုမှငယ်နုပါသေးတယ်။ အညွှန်းနဲ့ ဘာသာပြန်ကိုတော့ Leon K Zaw ကတင်ဆက်ထားပါတယ်။
ဇာတ်လမ်းအကြောင်း