Dragonheart
ဒီဇာတ်ကားကတော့ အိပ်ရာဝင်ပုံပြင်တစ်ပုဒ်လို ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ရှုကြရမယ့် စိတ်ကူးယဉ်ဆန်ဆန် စွန့်စားခန်း ဇာတ်ကားတစ်ကားပါပဲ။ အနာဂါတ်မှာ ဘုရင်ကောင်းတစ်ပါးဖြစ်လာစေချင်တဲ့ ရည်ရွယ်ချက်နဲ့ သူရဲကောင်းကြီး Bowen ဟာ ဆိုးယုတ်လှတဲ့ဘုရင်ကြီး Freyne ရဲ့သားတော် Einon ကို သူရဲကောင်းတို့ရဲ့လမ်းစဉ်တွေကို သင်ကြားပေးခဲ့ပါတယ်။ တစ်နေ့မှာ Einon ဟာ ဓားဒဏ်ရာကြောင့် သေမလိုဖြစ်နေတဲ့အချိန်မှာ အဲဒီနယ်မှာနေထိုင်တဲ့ နဂါးကြီးက သူ့ရဲ့နှလုံးသားတစ်ခြမ်းကို Einon ဆီ ပေးအပ်ပြီး အသက်ကယ်ပေးခဲ့ပါတယ်။ ဖခင်ဘုရင်ကြီးသေဆုံးချိန်မှာ Einonဟာ နန်းတက်ပြီး နိုင်လိုမင်းထက်ပြုမူပြီး ရက်စက်လှတဲ့ဘုရင်တစ်ပါးဖြစ်လာချိန်မှာတော့ သူရဲကောင်းကြီးBowenနဲ့ နဂါးကြီးတို့ပေါင်းပြီး ဘုရင်ကိုတော်လှန်ဖို့ဖြစ်လာပါတော့တယ်။ ဒီဇာတ်ကားဟာ ဝင်ငွေပိုင်းအရ အသင့်အတင့်အောင်မြင်ခဲ့ပြီး ဒီကားရဲ့ ကွန်ပျူတာအထူးပြုလုပ်ချက်တွေဟာလည်း အဲဒီခေတ်အနေအထားနဲ့ ကောင်းမွန်လှတယ်လို့ပြောလို့ရနိုင်လောက်အောင် Visual Effects အော်စကာဆန်ကာတင်တောင် ဝင်ခဲ့ပါသေးတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Aung Myat Tun ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း