Hero
Hero (2022) ရုပ်ရှင်ကတော့ စိတ်ထိခိုက်စရာအပြည့်နဲ့အားရစရာကောင်းတဲ့ ကိုးရီးယားတေးသရုပ်ဖော်ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ပရိတ်သတ်တွေရဲ့အသဲစွဲ နတ်ဆရာမလေး ဂင်ဂိုအွန်းပါဝင်သရုပ်ဆောင်ထားပြီး အခြားနာမည်ကြီး သရုပ်ဆောင်ပေါင်းများစွာပါဝင်ထားပါတယ်။ ဂျပန်နယ်ချဲ့တွေကို ဆန့်ကျင်တိုက်ခိုက်ခဲ့တဲ့ လွတ်လပ်ရေးတိုက်ပွဲဝင် အန်းဂျောင်ဂွန်းရဲ့စိတ်ဓာတ်ခံယူချက်ကို ဒီရုပ်ရှင်တွင် ကွက်ကွက်ကွင်းကွင်း ဖော်ပြထားတဲ့အပြင် သရုပ်ဆောင်များ၏ ပီပြင်မှုနဲ့ ကောင်းမွန်သော တေးသီချင်းများက ဇာတ်ကို ပို၍ရုပ်လုံးပေါ်စေပါတယ်။ ရသမျိုးစုံခံစားချက်တွေအပြင် အဲဒီအချိန်တုန်းက ကိုရီးယားလွတ်လပ်ရေးတိုက်ပွဲဝင်များရဲ့ ရဲစွမ်းသတ္တိကိုလည်း ခံစားမိစေမှာပါ။ သမိုင်းအခြေပြုရုပ်ရှင်ကားလေးဖြစ်တဲ့အတွက်ကြောင့် သမိုင်းကို စိတ်ဝင်စားသူတွေနဲ့ ရုပ်ရှင်ချစ်ပရိတ်သတ်များအတွက် အဓိပ္ပာယ်ရှိလှတဲ့ဇာတ်ကားကောင်းလေးဖြစ်တာကြောင့် ကြည့်ရှုဖို့တိုက်တွန်းလိုက်ပါရစေ။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Rosita ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း