ဇာတ်ကားများ ရွေးရန်

GTMax

2024ဇာတ်ကားအမှတ် 5/10Web-dl 1080p

ဆိုင်ကယ်ချစ်သူတွေအကြိုက်တွေ့စေမဲ့အက်ရှင် ဒရာမာဇာတ်ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါပြီ။ဇာတ်ကားနာမည်ကတော့ GTMax ဖြစ်ပြီး လက်ရှိ IMDb Rating 5.4 အထိရရှိထားပါတယ်။ဒီဇာတ်ကားကိုဘာလို့ GTMax လို့ခေါ်ရလဲဆိုရင်တော့ သာမန်မိသားစုစီးတဲ့ GTMax ဆိုင်ကယ်ကြီးတွေကိုသေချာပြန်ပြုပြင်ပြီး လုယက်မှုတွေလုပ်တဲ့အဖွဲ့အကြောင်းရိုက်ကူးထားလို့ပဲဖြစ်ပါတယ်။တန်ဖိုးကြီးပစ္စည်းဆိုရင် လက်ဝတ်ရတနာ ရွှေငွေစိန်ကအစ နာရီအထိလုယက်တဲ့ အဲ့ဒီ GTMax ကြီးတွေနဲ့ဆိုင်ကယ်အဖွဲ့ကို ရဲအရာရှိလူးကပ်စ်တစ်ယောက်ဖမ်းဖို့ကြိုးစားနေခဲ့တာတော်တော်ကြာခဲ့ပါပြီ။ဒါပေမယ့်သူတို့သုံးတဲ့ယာဉ်ကဆိုင်ကယ်ဖြစ်နေတဲ့အတွက် တခြားရဲတွေလိုက်မှီဖို့မလွယ်သလို လူးကပ်စ်ရဲ့ဆိုင်ကယ်နဲ့လိုက်ဖမ်းဖို့ကလည်းမလွယ်ခဲ့ပါဘူး။အဲ့ဒီအပြင်ကိုမှ လမ်းကြမ်းဆိုင်ကယ်ပြိုင်တဲ့လောကထဲမှာအရမ်းနာမည်ကြီးတဲ့မိသားစုထဲက မောင်နှမနှစ်ယောက်ကပါ အဲ့ဒီလုယက်တဲ့အဖွဲ့ထဲရောက်လာတဲ့အခါမှာတော့ ဆိုင်ကယ်တွေကိုဘယ်လိုတွေပြင် ဘယ်လိုတွေကြမ်းကြမ်းတမ်းတမ်းစီးပြီးတော့ ဘယ်လိုလုယက်မှုတွေထပ်လုပ်ဦးမလဲ လူးကပ်စ်ကရော အဲ့ဒီအဖွဲ့ကိုနောက်ဆုံးမှာဖမ်းနိုင်သွားပါ့မလားဆိုတာတွေကိုစိတ်ဝင်စားစရာ ခပ်လန်းလန်း ခပ်ကြမ်းကြမ်းကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Eazy ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း