Blitz
Blitz (2024) ကတော့ ဒုတိယကမ္ဘာစစ်အတွင်း လန်ဒန်ကို နာဇီဗုံးကြဲတိုက်ခိုက်တဲ့အချိန် ဖြစ်ရပ်မှန်ကိုသရုပ်ဖော်ရိုက်ကူးထားတဲ့ သမိုင်းဝင်ရုပ်ရှင်တစ်ကားပဲဖြစ်ပါတယ် ဒီဇာတ်ကားမှာ ရီတာက သူ့သားဖြစ်သူ ဂျော့ဂ်ျကို ဘေးကင်းရာကိုလွှတ်လိုက်ပေမယ့် ဂျော့ဂ်ျက သူ့အမေနဲ့ပဲနေချင်တာကြောင့် ရထားပေါ်ကခုန်ဆင်းပြီး အိမ်ပြန်ဖို့ထွက်ပြေးလာခဲ့ပါတယ် လောကကြီးမှာ ကောင်းတဲ့သူတွေလည်းရှိသလို မကောင်းတဲ့သူလည်းများတာကြောင့် ၉ နှစ်အရွယ်ကလေးလေးက အိမ်ပြန်လမ်းကိုတောင် သေချာမသိပဲထွက်ပြေးလာရင်း လူမျိုးရေးခွဲခြားခံရတာတွေ အနိုင်ကျင့်ခံရတာတွေနဲ့ သူ့အဖေပြည်နှင်ဒဏ်ပေးခံရတာနဲ့ပက်သက်ပြီးနောက်ဆက်တွဲအကျိုးဆက်တွေကိုရင်ဆိုင်ရင်း တောင့်ခံခဲ့ရပါတယ် ရီတာက စစ်ပွဲတွေကြားမှာ သူ့သားကိုကယ်တင်ချင်ပေမယ့် အတားအဆီးပေါင်းများစွာရှိတာမလို့ လွယ်လွယ်နဲ့ရှာမတွေ့ခဲ့ပါဘူး ဒီဇာတ်လမ်းမှာ စစ်ရေးကိစ္စတွေရော ဗြိတိန်နိုင်ငံရဲ့ လူမျိူးရေးကွာဟချက်တွေကိုပါ မြင်တွေ့ရမယ့် စိတ်ဝင်စားဖို့ကောင်းသလို ဝမ်းနည်းဖို့လည်းကောင်းတဲ့ ဇာတ်ကားလေးပါ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Phyu ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း