ဇာတ်ကားများ ရွေးရန်

Remnant

2024ဇာတ်ကားအမှတ် 3/10Web-dl 1080p

တစ်ခါတစ်လေကျရင်သေသွားရင်ကောင်းမှာပဲဆိုပြီးတွေးမိကြတဲ့အခိုက်အတန့်တွေရှိမှာပါ။အခုတင်ဆက်ပေးမဲ့ Remnant ဆိုတဲ့ဇာတ်ကားထဲကဂရေ့စ်ကတော့ သေသွားရင်ကောင်းမှာပဲဆိုတာကိုတကယ်ကြီးခံစားနေရတာဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ သူ့မိဘတွေနဲ့အတူဖြစ်ခဲ့တဲ့ ကားမတော်တဆမှုမှာသူတစ်ယောက်တည်းအသက်ရှင်ကျန်နေခဲ့လို့ပဲဖြစ်ပါတယ်။အဲ့လိုအသက်ရှင်ကျန်ခဲ့တယ်ဆိုတာကလည်း နည်းပညာတိုးတက်နေတဲ့ခေတ်ကြီးဖြစ်တဲ့အတွက် သူ့ဦးနှောက်ထဲကိုချစ်ပ်ပြားတစ်ခုထည့်ပြီး ဆက်လက်လည်ပတ်နေနိုင်အောင်လုပ်ပေးထားလို့ပဲဖြစ်ပါတယ်။ဒါပေမယ့်သူကတော့အဲ့လိုအသက်ဆက်ရှင်နိုင်အောင်လုပ်ပေးလို့ဆရာဝန်ကိုကျေးဇူးတင်ရမဲ့အစား လက်ခလယ်သာထောင်ပြနေပါတော့တယ်။ဒီလိုနဲ့ဆေးရုံကဆင်းပြီးအိမ်ကိုပြန်လာခဲ့အခါမှာလည်း ဘယ်အရာကိုမှအလိုမကျတော့ပဲ အရင်တုန်းကဂရေ့စ်နဲ့မတူပဲအစစအရာရာပြောင်းလဲထူးဆန်းနေခဲ့ပါတယ်။သူငယ်ချင်းရဲ့အကူအညီကိုရပေမဲ့လည်း ခေါင်းထဲမှာတစ်ခါတစ်ရံပေါ်လာတတ်တဲ့ဆိုးဝါးလွန်းတဲ့ပုံရိပ်တွေကြောင့် ဂရေ့စ်တစ်ယောက်တဖြည်းဖြည်းခြောက်ခြားလာရင်းနဲ့ ဘယ်လိုစိတ်ဝင်စားစရာတွေဆက်ဖြစ်မယ်ဆိုတာကို ကြည့်ရှုခံစားရမဲ့ သိပ္ပံစိတ်ကူးယဉ် Horror ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Eazy ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း