Love in Between
သတိပြုရန် - ၁၈ အပေါင်းတွေပါလို့ မိသားစုနဲ့မကြည့်မိပါ 2010 ခုနှစ်မှာထွက်ပေါ်ခဲ့တဲ့ Love in Between ဆိုတဲ့ရုပ်ရှင်ကားလေးတစ်ပုဒ်ကတော့ ချစ်ခြင်းမေတ္တာ၊ ဖောက်ပြန်တတ်တဲ့သဘောတရားတွေနဲ့ လူ့သဘာဝတွေအကြောင်းကိုမီးမောင်းထိုးရိုက်ပြထားတဲ့ ဇာတ်ကားလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းမှာတော့ သားဖွားမီးယပ်အထူးကုဆရာဝန်မ ဟန်ဆိုယောင်းဟာ ခင်ပွန်းဖြစ်သူ ဗိသုကာပညာရှင်ယွန်းဂျီဆော့နဲ့ ပူနွေးတောက်လောင်တဲ့အိမ်ထောင်ရေးတစ်ခုကို ၁၀နှစ်တာတည်ဆောက်လာခဲ့ပြီး လက်ရှိမှာရင်သွေးယူဖို့ကြိုးပမ်းနေချိန်ဖြစ်ပါတယ်။ သို့သော်မထင်မှတ်စွာနဲ့ ခင်ပွန်းဖြစ်သူက သူ့ရဲ့တပည့်မလေး ယောဂနည်းပြဆရာမတစ်ဖြစ်လဲ ဘွဲ့လွန်ကျောင်းသူဆူဂျီနဲ့ ဖောက်ပြန်နေတာကိုသိလိုက်ရတဲ့အချိန်မှာတော့ ဆူဂျီနဲ့ရင်းနှီးမှုရယူပြီး ဖောက်ပြန်ရတဲ့အကြောင်းရင်းကိုမသိမသာစုံစမ်းရင်း ခံပြင်းမှုနဲ့သနားမှုကြား ဗျာများရပုံကိုသရုပ်ဖော်ထားတာဖြစ်ပါတယ်။ "တစ်ခါသေဖူး ပျဉ်ဖိုးနားလည်"ဆိုတဲ့အတိုင်း တစ်ခါဖောက်ပြန်ဖူးတဲ့ယောက်ျားကိုပြန်လက်ခံဖို့မရဲဘဲမေ့ပစ်ဖို့ကြိုးစားရင်း ဂျေးဆိုတဲ့ကောင်လေးတစ်ယောက်နဲ့ပတ်သက်မိချိန်မှာတော့ ကိစ္စတွေဟာ သပွတ်အူလိုရှုပ်ထွေးလာခဲ့ပါတယ် ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Hnin Yee ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း