ဇာတ်ကားများ ရွေးရန်

Dragonheart: A New Beginning

1999ဇာတ်ကားBlu-ray 1080p

တကယ်ကြည့်လို့ကောင်းတဲ့ အင်္ဂလိပ်ဘုရင်ခေတ်နောက်ခံ စွန့်စားခန်းရုပ်ရှင်တစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ "How to Train Your Dragon" လို ဇာတ်လမ်းမျိုးတွေကြိုက်တတ်တဲ့သူဆိုရင်တော့ ဒီရုပ်ရှင်ကိုလည်း အကြိုက်တွေ့မှာပါ။ ဇာတ်လမ်းအကျဉ်းကတော့ - Geoff ဟာ ဘုရားကျောင်းက မြင်းဇောင်းမှာ အလုပ်လုပ်ရတဲ့ မိဘမဲ့ကောင်လေးတစ်ယောက်ပါ။ သူ့အိပ်မက်က ဘုရင့်သူရဲကောင်းတစ်ယောက်ဖြစ်လာဖို့ပါပဲ။ သူ့လိုဆင်းရဲသားလေးအတွက် ဘုရင်သူကောင်းပြုခံရတဲ့ သူရဲကောင်းစစ်သည်ဖြစ်ဖို့ဆိုတာ အတော်အလှမ်းဝေးပါတယ်။ ဒါပေမဲ့ ဘုရားကျောင်း မြေတိုက်ခန်းထဲ ခိုးဝင်မိချိန်မှာတော့ သူ့ဘ၀ကို ပြောင်းလဲပေးနိုင်တဲ့ လမ်းစတစ်ခု တွေ့ခဲ့ရပါတယ်။ အဲဒါကတော့ Drake ဆိုတဲ့ နဂါးလေးတစ်ကောင်ပါ။ နဂါးတွေပျောက်ကွယ်သွားပြီဖြစ်တဲ့ Geoff တို့ခေတ်မှာတော့ Drake ဟာ နောက်ဆုံးလက်ကျန်ဖြစ်ပြီး နဂါးတို့တပ်အပ်တဲ့ပညာတွေကို ဘာမှမသိသေးတဲ့၊ ဥကပေါက်ကတည်းက အခန်းထဲပဲ အောင်းနေရသူလည်း ဖြစ်ပါတယ်။ အဲဒီလိုနဲ့ Geoff နဲ့ Drake တို့ ဆုံမိကြတဲ့အခါ နှစ်ဦးလုံးရဲ့ကံကြမ္မာတွေ ဘယ်လိုပြောင်းလဲသွားမလဲ၊ သူတို့နှစ်ဦးပေါင်းပြီး တိုင်းပြည်ရဲ့အရှုပ်အရှင်းတွေကို ဘယ်လိုရင်ဆိုင်သွားကြမလဲ၊ နဂါးတွေနဲ့ သူရဲကောင်းတွေကြားမှာ ဘယ်လို လျှို့ဝှက်ဆန်းကြယ်မှု‌တွေ ရှိနေမလဲဆိုတာကိုတော့ ကိုယ်တိုင်ပဲ ဆက်လက်ကြည့်ရှုလိုက်ပါနော်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Katie ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း