ဇာတ်ကားများ ရွေးရန်

Joy

2024ဇာတ်ကားWeb-dl 1080p

Netflix မှ အသစ်ထပ်မံထွက်ရှိလာပြီး IMDb rating 7 လောက်အထိ ရထားတဲ့ ဖြစ်ရပ်မှန် ဒရမ်မာကားသစ်လေးတစ်ကားကို တင်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားက ၁၉၆၀ ပြည့်နှစ်များနဲ့ ၁၉၇၀ ပြည့်နှစ်များမှာ တကယ်ဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာများဖြစ်ကာ ကမ္ဘာ့ပထမဦးဆုံး ဖန်ပြွန်သန္ဓေသား “လူးဝစ် ဂျွိုင်း ဘရောင်း”ကို မွေးထုတ်နိုင်ခဲ့တဲ့အကြောင်း ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဇာတ်လမ်းစစချင်းမှာ ‘ဒေါက်တာအက်ဝဒ်’ရဲ့ စကားသံနဲ့ အစပြုထားပါတယ်။ သူတို့ ပထမဦးဆုံး ဖန်ပြွန်သန္ဓေသားကိုမွေးထုတ်ပေးခဲ့ရာ အိုးဒ်ဟမ်းဆေးရုံကြီးရဲ့ အရှေ့က ဂုဏ်ပြုကမ္ဗည်းပေါ်မှာ သူနာပြုမလေး ‘ဂျင်း’ရဲ့ နာမည်ကို ထည့်သွင်းဖော်ပြပေးဖို့အတွက် တောင်းဆိုနေတဲ့ စကားသံပါ။ ဒီသုတေသနလုပ်ငန်းကို အောင်မြင်အောင် ပြုလုပ်နိုင်ဖို့ရာ ကမ်းဘရင့်ချ်ကနေ အိုးဒ်ဟမ်းအထိ မိုင် ၂၀၀ အကွာအဝေး (လေးနာရီကြာကားမောင်းရသည့်အကွာအဝေး) ကို ‘ဂျင်း’က သူနဲ့အတူတူ ၁၀ နှစ်တိုင်တိုင် ခရီးသွားလာပေးခဲ့လို့ပါတဲ့။ တခြားသူတွေနည်းတူ သူမရဲ့ အားစိုက်ထုတ်မှုကလည်း တပြားသားမျှ မလျော့တဲ့အတွက် ဂုဏ်ပြုကမ္ဗည်းပေါ်မှာ သူမနာမည်လေးရေးထိုးပေးသင့်ပါတယ်လို့ တိုက်တွန်းပြောထားတဲ့စကားသံ ဖြစ်ပါတယ်။ ဇာတ်ကားရဲ့ အဆုံးသတ်ဟာလည်း အဲ့စကားလေးနဲ့ပဲ အဆုံးသတ်ထားပါတယ်။ ဒီဇာတ်ကားက သူနာပြုမလေး ‘ဂျင်းပါဒီ’ ဘက်ကို အဓိကထား ရိုက်ကူးပြသထားတဲ့အတွက်ပါ။ ဒီရုပ်ရှင်ရဲ့ အဆုံးသတ်မှာ သူတို့က ဖန်ပြွန်သန္ဓေသားကို မွေးနိုင်မယ်ဆိုတာကို ကြိုသိထားနိုင်ပေမယ့်လည်း ဇာတ်က အင်မတန်မှ အတက်အကျများသလို ရသမျိုးစုံကိုလည်း ပေးစွမ်းနိုင်တဲ့ဇာတ်ကားကောင်းတစ်ခု ဖြစ်ပါတယ်။ အညွှန်းနဲ့ ဘာသာပြန်ကိုတော့ Leon K Zaw ကတင်ဆက်ထားပါတယ်။

ဇာတ်လမ်းအကြောင်း