ARM
သမိုင်းအစဉ်အလာတစ်ခုရှိထားတဲ့ ဥက္ကာခဲအပိုင်းအစတွေနဲ့ဖန်တီးထားတဲ့ မီးခွက်တစ်ခုကို တစ်ရွာလုံးမှာရှိတဲ့လူတွေက အမြတ်တနိုးပူဇော်ကြတယ်။ တစ်ချိန်တစ်ခါတုန်းက ဒီမီးခွက်ကိုခိုးယူဖို့ကြိုးစားခဲ့ဖူးတဲ့ ဂန္တဝင်သူခိုးကြီးမာနီယန်ကိုတော့ တစ်ရွာလုံးက ရွံမုန်းကြသတဲ့။ အဲ့ဒါကြောင့်ပဲ အမုန်းတရားက သူ့မြေးဖြစ်သူအာဂျယန်အထိ ဆင်းသက်လာခဲ့တာပေါ့။ ဂန္တဝင်သူခိုးဖြစ်သူရဲ့မြေးမို့ ရွာထဲမှာ ဘာပဲပျောက်ပျောက် သူ့ကိုပဲတန်းစွပ်စွဲခဲ့ကြတယ်။ တစ်နေ့မှာတော့ ဒီမီးခွက်ကို မျက်စိကျနေတဲ့လူတစ်စုက အပေါ်ယံရည်ရွယ်ချက်တစ်ခုကိုအယောင်ပြပြီး မီးခွက်ကိုအရယူပေးဖို့ အာဂျယန်ကို ခြိမ်းခြောက်အကျပ်ကိုင်ခဲ့ပါတယ်။ စုပ်လည်းဆူး စားလည်းရူးဖြစ်နေရရှာတဲ့ အာဂျယန်ခမျာလည်း ဒီလူခိုင်းတဲ့အတိုင်းလုပ်ရင်း သူ့အဘိုးခိုးယူဖို့ကြိုးစားဖူးတဲ့ မီးခွက်ရဲ့သမိုင်းကြောင်းနဲ့ အမှန်တရားတွေကို တစ်စတစ်စသိလာရပါတော့တယ်။ ခွဲခြားဆက်ဆံမှုတွေကို ရင်စည်းပြီးခံစားခဲ့ရတဲ့ အာဂျယန်တစ်ယောက် မျိုးရိုးအမွေဖြစ်တဲ့ ဒီမီးခွက်ကို ဘယ်လိုရှာဖွေလေမလဲ.... ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Zed ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း