April Snow Or Oechul
ဒီတစ်ခေါက်တင်ဆက်ပေးမှာကတော့ ကိုရီးယားကအချစ်ဦး မင်းသမီးဆုန်းရယ်ဂျင်းရဲ့ ၂၀၀၅ခုနှစ်တုန်းကနာမည်ကျော်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။ April Snow ဆိုတဲ့အတိုင်း ဘဝရဲ့မထင်မှတ်ထားဆုံးအချိန်မှာတွေ့ဆုံခဲ့တဲ့ သူတို့နှစ်ဦး....ဆောယောင်းနဲ့အင်ဆူဟာ တစ်နေ့မှာသူတို့ရဲ့ခင်ပွန်း/ဇနီးသည်တို့ အဝေးတစ် နေရာမှာမတော်တဆမှုအကြီးစားဖြစ်ကြောင်းကြားပြီး အပြေးအလွှားရောက်လာခဲ့ရပါတယ်။ အလုပ်ခရီးလည်းမဟုတ်ဘဲ နှစ်ဦးထဲထွက်သွားခဲ့တာကြောင့် စုံစမ်းခဲ့ရာက ဖောက်ပြန်နေကြောင်းသိလိုက်ရပြီး ဆောက်တည်ရာမဲ့ခဲ့ရတဲ့သနားစရာလူနှစ်ဦးရဲ့အကြောင်းလေးပါ။ မတော်တဆမှုကြောင့်ကိုမာဝင်သွားတဲ့ခင်ပွန်း/ဇနီးသည်အပေါ် ဒေါသထွက်ခွင့်လည်းမရှိဘဲပြုစုပေးရင်း စိတ်ကတော့သေဆုံးနေရတဲ့သူတို့နှစ်ဦးဟာ အချင်းချင်းနှစ်သိမ့်ပေးရာကနေနှောင်ကြိုးလေးတစ်ခုဖြစ်တည်လာခဲ့ပါတော့တယ်။ အင်ဆူပြောခဲ့စကားလေးက "ကျွန်တော်တို့ဟိုးအရင်ကတည်းက ဒါမှမဟုတ် အရမ်းနောက်ကျပြီးမှတွေ့ခဲ့ကြရင်ဘယ်လိုများနေမလဲ"တဲ့။ မပတ်သက်သင့်တဲ့သူတို့နှစ်ဦး စည်းတွေကျော်ပြီးညှိတွယ်လာချိန်မှာ ဘယ်လိုမျိုးအကြောင်းအရာတွေထပ်မံပေါ်ပေါက်လာမလဲ။ ကိုမာဝင်နေတဲ့သူနှစ်ဦးကရော ဘယ်လိုဖြစ်သွားမလဲ။ ဇာတ်လမ်းတစ်ပုဒ်လုံးကို ငြိမ့်ငြိမ့်လေးနဲ့ဆွဲခေါ်သွားပြီး အဆွေးဓာတ်ခံရှိတဲ့သူအဖို့တော့ အထူးအကြိုက်တွေ့စေမဲ့ဇာတ်ကားလေးတစ်ပုဒ်ဖြစ်လို့ M-sub Movie ကနေ ပြန်လည်ဘာသာပြန်ပြီး တင်ဆက်ပေးလိုက်ရပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Hnin Yee ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း