ဇာတ်ကားများ ရွေးရန်

Mononoke Movie: Paper Umbrella

2024ဇာတ်ကားWeb-dl 1080p

၂၀၂၄ခုနှစ်ထွက်ရှိတဲ့ Anime/ Horror အမျိုးအစားဖြစ်ပြီး သဘာဝလွန်စွမ်းအားတွေလည်း ပါဝင်ပါတယ်။ ဆေးရောင်းသူပုံစံဖြင့် နိုင်ငံပတ်ခရီးသွားနေတဲ့ လူထူးဆန်းတစ်ယောက်က Mononokeလို့ခေါ်တဲ့ တစ္ဆေလောကအရာကို နှိမ်နင်းဖို့ ရှာဖွေရင်းနဲ့ အိုးခုလို့ခေါ်တဲ့ ဘုရင့်ကိုယ်လုပ်တော်နန်းတွင်းထဲမှာ အာရုံခံမိသွားတယ်။ မိုနိုနိုခဲကို နှိမ်နင်းဖို့ သူ့ဓားကိုအသက်သွင်းဖို့အတွက် အကြောင်းတရား ၃မျိုးလိုအပ်ပါသေးတယ်။ နန်းတွင်းကို အသစ်ရောက်လာတဲ့ မိန်းကလေး ၂ယောက်နဲ့ အခြားနန်းတွင်းသူတွေရဲ့ ဖြစ်ပျက်မှုတွေကနေ မိုနိုနိုခဲလှုပ်ရှားလာစေတယ်။ ဒီကားထဲမှာပစ္စည်းဥစ္စာတွေကို စွဲလမ်းမနေသင့်ကြောင်း ဖော်ပြထားတာက Animeကားတွေထဲမှာ ထူးခြားတယ်လို့ ပြောလို့ရပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ nanda tun kyaw ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း