ဇာတ်ကားများ ရွေးရန်

Hitpig

2024ဇာတ်ကားWeb-dl 1080p

အသစ်ထွက်ရှိလာတဲ့ Hitpig ဆိုတဲ့ Animation ဇာတ်ကားသစ်ကောင်းကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားလေးကကောင်းလွန်းလို့ ကြည့်ပြီးသွားရင် တိရစ္ဆာန်လေးတွေကိုပိုချစ်တတ်လာပြီး သက်သက်လွတ်သမားတွေတောင်ဖြစ်သွားမလားတောင်မသိပါဘူး။ပြောရရင်ဒီကားလေးကတော်တော်အရောင်အသွေးစုံလင်ပြီး သားသားမီးမီးတွေတင်မကပဲ လူကြီးတွေပါအေးဆေးလေး အပူအပင်တွေမရှိပဲကြည့်လို့ရတဲ့ ခံစားချက်တွေအများကြီးပါတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ဒီဇာတ်လမ်းရဲ့အဓိကဇာတ်ဆောင်ကတော့ ဝက်မုဆိုး(Hitpig)လို့ခေါ်တဲ့ဝက်ကလေးဖြစ်ပြီး သူငယ်ငယ်တုန်းကထွက်ပြေးတဲ့တိရစ္ဆာန်တွေကိုလိုက်ဖမ်းပြီးပြန်ပို့ပေးတဲ့ကြေးစားမုဆိုးရဲ့လက်ထောက်လုပ်ရင်းနဲ့ဒီနာမည်ကိုရလာတာပဲဖြစ်ပါတယ်။ဒါပေမယ့်အဲ့လိုတွေလိုက်ဖမ်းနေရင်းနဲ့မှ ကံအကြောင်းမလှစွာနဲ့ပဲ တစ်နေ့မှာတော့သူ့ဆရာ မုဆိုးမကြီးကမိကျောင်းစာမိပြီး အသက်ဆုံးရှုံးခဲ့ရပါတော့တယ်။အဲ့ဒီနောက်ပိုင်းသူလည်း တစ်ကိုယ်တော်ဒီအလုပ်ကိုဆက်လုပ်နေရင်းနဲ့မှ ပစ်ကယ်ဆိုတဲ့ဆင်မလေးတစ်ကောင်နဲ့တွေ့သွားပြီး သူ့ဘ၀ကြီးတစ်ခုလုံးကိုပြောင်းလဲစေမဲ့အဖြစ်အပျက်တွေဖြစ်လာခဲ့ပုံတွေကို ပေါ့ပေါ့ပါးပါးကြည့်ရှုရမဲ့ Animation ကားလေးတစ်ကားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Eazy ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း