ဇာတ်ကားများ ရွေးရန်

Death Bell

2008ဇာတ်ကားBlu-ray 1080p

Death Bell ဒီကားလေးကတော့ အထက်တန်းကျောင်းတစ်ခုက လျှို့ဝှက်ဆန်ဆန်လူသတ်မှုအကြောင်း ရိုက်ကူးတင်ဆက်ထားတဲ့ကားလေးပါ။ ချန်းအင်အထက်တန်းကျောင်းမှာ နှစ်ဝက်စာမေးပွဲကြီးပြီးဆုံးခဲ့ပေမယ့်လည်း စာတော်တဲ့ကျောင်းသားတွေအတွက် အထူးတန်းထပ်ပြီးဖွင့်လှစ်ခဲ့ပါတယ်။ ဒီလိုနဲ့ ပထမဆုံး အထူးတန်းစတက်ရတဲ့နေ့မှာပဲ ထူးဆန်းမှုတစ်ခုပေါ်ပေါက်ခဲ့ပါတယ်။ ရုတ်တရက်ကျောင်းသားတွေ စာသင်နေရင်း အသံလွှင့်ရုံကနေ ထူးဆန်းတဲ့အသံတစ်ခုထွက်လာပြီး စာမေးပွဲထပ်ဖြေဖို့ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့လည်း အဲဒီစာမေးပွဲက တခြားစာမေးပွဲတွေလိုမျိုးမဟုတ်ဘဲ လူကိုကယ်တင်ဖို့အတွက် ဖြစ်လာတဲ့အခါ ဖမ်းဆီးထားတဲ့ဓားစာခံတွေအားလုံးကို ကယ်တင်နိုင်ပါ့မလားဆိုတာ စိတ်လှုပ်ရှားထိတ်လန့်ဖွယ်စောင့်ကြည့်ချင်ရင်တော့ ဒီကားလေးကို ကြည့်ရှုဖို့တိုက်တွန်းလိုက်ပါရစေ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Rosita ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း