The Children's Train
အေးဆေးလေးအနားယူပြီးကြည့်ရှုလို့ကောင်းမဲ့ ဒုတိယကမ္ဘာစစ်နှောင်းပိုင်း ဖြစ်ရပ်မှန် မိသားစုဒရာမာဇာတ်ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့ The Children's Train ဖြစ်ပြီး လက်ရှိ IMDb 7.1 အထိရရှိထားတဲ့အတွက်လက်လွတ်မခံကြည့်ရှုသင့်တဲ့ဇာတ်ကားကောင်းလေးတစ်ကားလို့အရင်ညွှန်းပေးလိုက်ပါရစေ။ဒီကားကိုကြည့်ပြီးရင်ထဲမှာရသပေါင်းများစွာဖြစ်လာအောင် ပေးစွမ်းနိုင်တဲ့အပြင် ရိုက်ကူးထားတဲ့ဇာတ်လမ်းဇာတ်ကွက်ကလည်းအရမ်းကောင်းတာကြောင့်ဒရာမာချစ်သူတွေအတွက်ကတော့အကြိုက်တွေ့စေမှာပဲဖြစ်ပါတယ်။အထက်မှာပြောခဲ့သလိုပဲ ဒုတိယကမ္ဘာစစ်ပွဲပြီးတာမကြာသေးတဲ့အချိန် အီတလီမှာငတ်မွတ်ခေါင်းပါးခြင်းတွေနဲ့ကြုံတွေ့နေရပြီး ခက်ခဲကြပ်တည်းနေတဲ့မိသားစုတွေရှိခဲ့ပါတယ်။အလှအပ အပျော်အပါးဆိုတာတွေအသာထား တစ်နေ့တစ်နေ့ထမင်းနပ်မှန်ဖို့တောင်မနည်းရုန်းကန်နေရတဲ့အခြေအနေမှာ အဆိုးဆုံးခံစားရသူတွေကတော့ကလေးတွေပဲဖြစ်ခဲ့ပါတယ်။အဲ့ဒီထဲမှာအာမယ်ရီတို့သားအမိလည်းအပါအဝင်ဖြစ်ပြီး သူတို့လည်းအခက်အခဲများစွာနဲ့ရင်ဆိုင်နေခဲ့ရပါတယ်။ဒါပေမယ့်ကံကောင်းထောက်မစွာနဲ့ပဲ အဲ့ဒီအချိန်မှာ ကွန်မြူနစ်တွေက ကလေးတွေကိုမြောက်ပိုင်းပို့ပေးပြီး ကောင်းမွန်တဲ့ဘ၀မှာနေထိုင်ခွင့်ရအောင်လုပ်ပေးမယ်ဆိုတဲ့အခွင့်အရေးတစ်ခုရခဲ့ပါတော့တယ်။အဲ့ဒါကြောင့်အာမယ်ရီ့အမေလည်းရင်နာနာနဲ့ပဲသားဖြစ်သူကို မြောက်ပိုင်းသွားတဲ့ရထားကြီးနဲ့ကလေးတွေအများကြီးနဲ့အတူတူလွတ်ပေးလိုက်ပါတော့တယ်။ဒီလိုနဲ့အာမယ်ရီတစ်ယောက်မြောက်ပိုင်းရောက်သွားခဲ့ပြီး နယ်မြေသစ်တစ်ခုမှာအဆင်ပြေပြေနေနိုင်ပါ့မလား အိမ်ကဘ၀ထက်ရောသာပါ့မလား ပိုဆိုးနေမလားဆိုတာတွေနဲ့ စစ်ပွဲအတွင်းတွေ့ကြုံခဲ့ရတဲ့အတွေ့အကြုံတွေကိုရှင်းရှင်းလင်းလင်းမြင်တွေ့နိုင်အောင်ရိုက်ကူးတင်ဆက်ထားတဲ့ မိသားစုဒရာမာဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Eazy ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း