ဇာတ်ကားများ ရွေးရန်

Glory

1989ဇာတ်ကားBlu-ray 1080p

အော်စကာဆု ၃ဆုရခဲ့ပြီး ၁၉၈၉ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ သမိုင်းဝင်စစ်ကားဖြစ်ပြီးတော့ Rotten Tomatoes ၉၅ရာခိုင်နှုန်းအထိ ရှိပါတယ်။ ၁၉ရာစုနှစ်က အမေရိကန်ပြည်ထောင်စုမှ ပြည်တွင်းစစ်တစ်ခုကို အခြေခံထားပါတယ်။ သာမန်ကပ္ပတိန်ဘဝကနေ ဗိုလ်မှူးကြီးအဖြစ် ရာထူးတက်လာတဲ့ ရောဘတ်ဂိုးလ်ရှောက အမေရိကန် ပြည်ထောင်စု တပ်မတော်ကြီးရဲ့ ပထမဆုံးလူမည်းတပ်ရင်းကို အုပ်ချုပ်ကိုင်တွယ်ဖို့ တာဝန်ပေးခံရပါတယ်။ ထိုခေတ်က ကပ္ပလီလူမည်းတွေကို ကျွန်ဘဝကနေ လွှတ်ပေးဖို့ စတင်အသိအမှတ်ပြုလာကြပေမယ့် လူမျိုးရေးခွဲခြားတာတွေ နှိမ်တာတွေ များစွာရှိနေပါသေးတယ်။ လူမည်းတပ်သားတွေ ကိုယ်တိုင်က အလုပ်ကြမ်းလုပ်နေရတဲ့ စစ်မှုထမ်းဘဝကနေ အသက်စွန့်တိုက်ပွဲတွေမှာ ပါဝင်နိုင်ဖို့ ကြိုးစားကြတာတွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဗိုလ်မှူးကြီးက လူဖြူဆိုပေမယ့် ကရုဏာနဲ့ ဆက်ဆံပြီး ကိုယ့်တပ်သားတွေအတွက် လိုအပ်တာတွေကို ဖြည့်ဆည်းပေးတာတွေ မြင်ရတာ တကယ်ကို ပီတိဖြစ်စရာကောင်းပါတယ်။ ဘာကြောင့် ဒီစစ်ကားက အော်စကာ ၃ဆုရခဲ့လဲဆိုတာ ကိုယ်တိုင်သာ ကြည့်ရှုလိုက်ပါ။

ဇာတ်လမ်းအကြောင်း