Home Alone 4: Taking Back the House
ငယ်ငယ်က ကြည့်ခဲ့ရတဲ့ Home Alone ကားတွေထဲက စတုတ္ထမြောက်ကားလေး ဖြစ်ပါတယ်။ ခရစ္စမတ်ကာလလည်း နီးကပ်လာတာကြောင့် ဒီကားလေးကြည့်ပြီး အေးဆေး chillလို့ကောင်းတာပေါ့။ များသောအားဖြင့် Home Alone 1, 2, 3သာ အကြည့်များကြပြီး 4ကတော့ လွတ်သွားတဲ့သူတွေ ရှိနိုင်တယ်။ ရှေ့ကကားတွေနဲ့ အနည်းငယ်ကွဲလွဲတာက ဇာတ်လိုက်လေး ကယ်ဗင်မက်ကယ်လစ္စတာဟာ သူတို့မိသားစုအိမ်မှာ တစ်ယောက်တည်း ကျန်ခဲ့တာမဟုတ်ဘဲ ကြီးကျယ်ခမ်းနားလှတဲ့ မိထွေးရဲ့အိမ်ထဲမှာ နေရစ်ခဲ့ရတာဖြစ်ပါတယ်။ ဇာတ်လမ်းထဲမှာ ဖောက်ထွင်းသူခိုးကြီး မာ့ဗ်က ထောင်ကထွက်လာပြီးနောက် အဲဒီအိမ်ကြီးဆီ လာရောက်လည်ပတ်မယ့် အိမ်ရှေ့စံမင်းသားကို ပြန်ပေးဆွဲဖို့ ကြံစည်နေပါတယ်။ ဒါကို မက်ကယ်လစ္စတာက ကြားမိသွားပြီး သူတို့ရန်ကနေ ကာကွယ်ဖို့ ကြိုးစားရင်းနဲ့ အိမ်ကြီးထိခိုက်ပျက်စီးတဲ့အထိ ဖြစ်ပျက်သွားတယ်။ ဒါပေမဲ့ သူ့အဖေရော၊ မိထွေးရော၊ အိမ်အကူတွေရောက သူခိုးဝင်တယ်လို့ မယုံကြည်ဘဲ မက်ကယ်လစ္စတာ လိမ်နေတယ်လို့ပဲ ထင်ကြတယ်။ ပိုဆိုးတာက မိထွေးက သူတို့မေတ္တာရေးကို ဝင်ရောက်ဖျက်ဆီးချင်တယ်လို့ပါ ထင်လာတယ်။ ဒီတော့ ပြန်ပေးဆွဲမယ့်သူတွေကို အမိဖမ်းပြမှသာ ယုံကြည်မှုပြန်ရမှာဆိုတော့ ထောင်ချောက်တွေဆင်ပြီး ဖမ်းရပါတော့တယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ nanda tun kyaw ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း