ဇာတ်ကားများ ရွေးရန်

The Sin

2024ဇာတ်ကားWeb-dl 1080p

Exumaလို ရုပ်ရှင်ပုံစံဆန်း‌ဆန်းမျိုးကိုမှသဘောကျတဲ့ပရိသတ်တို့အတွက် The Sin ဆိုတဲ့ရုပ်ရှင်လေးကအကြိုက်တွေ့စေမှာပါ။ ရှီယောင်းဆိုတဲ့အကမေဂျာ ကျောင်းသူတစ်ယောက်ဟာ အကရုပ်ရှင်ပရောဂျက်တစ်ခုအတွက်ကမ်းလှမ်းခံရပြီး မြို့နဲ့ဝေးတဲ့ကျောင်းပျက်ကြီးတစ်ခုကိုရောက်လာခဲ့ရာကဇာတ်လမ်းစခဲ့ပါတယ်။ စရောက်ရောက်ချင်းမှာပဲထူးဆန်းနေခဲ့ပြီး တက္ကသိုလ်ကအတန်းဖော်တစ်ယောက်နဲ့လည်းအတူသရုပ်ဆောင်ဖို့ဖြစ်လာခဲ့တယ်။ဒါ့အပြင်ပြဿနာက သူမအပါအဝင်ရိုက်ကူးရေးအဖွဲ့သားတွေအားလုံး ဒါရိုက်တာကြီးဘာတွေလုပ်နေလဲဆိုတာမသိခဲ့သလို ပဟေဠိဖြစ်စရာ‌တွေများခဲ့ရာက တစ်နေ့မှာတော့ ငါးထပ်တိုက်ခေါင်မိုးထပ်ရိုက်ကွင်းကနေ ထုတ်လုပ်ရေးအဖွဲ့ကတစ်ယောက်ခုန်ချပြီးသေဆုံးရာက ပြန်အသက်ပြန်ဝင်လာကာ ‌ဗြောင်းဆန်မှုတွေစတင်ခဲ့ပါတော့တယ်။ ပုံမှန်ဇွန်ဘီဇာတ်လမ်းတွေနဲ့မတူဘဲ ‌အောက်လမ်း၊ဝိညာဉ်၊ကျင့်စဉ်စတာတွေနဲ့ ပတ်သက်ပြီးအလေးပေးရိုက်ကူးထားရင်း "မုန်းတီးခြင်းကနေပေါ်ပေါက်လာတဲ့နတ်ဆိုးဝိညာဥ်ကို ဒီလောကကြီးရဲ့အင်အားနဲ့လုံးဝမသတ်နိုင်ပါဘူး"ဆိုတဲ့အတိုင်း နာကျင်မှုကနေပေါက်ဖွားလာတဲ့အမုန်းအာဃာတတွေကဘယ်လောက်အတိုင်းအတာအထိကြီးထွားလောင်မြိုက်လာခဲ့မလဲဆိုတာကို plot twist များနဲ့ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာကြည့်ရှုဖို့ M-Sub Movie ကနေတင်ဆက်ပေးလိုက်ရပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Hnin Yee ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း