ဇာတ်ကားများ ရွေးရန်

F*** Marry Kill

2024ဇာတ်ကားWeb-dl 1080p

အင်တာနက်ခေတ်ကြီးမှာ အွန်လိုင်း dating app တွေတစ်ဆင့် အပျော်ရှာကြတာတွေက အဆန်းမဟုတ်တော့ပါဘူး။ ဒါကြောင့်ပဲ ၈နှစ်လောက်တွဲလာတဲ့ရည်းစားနဲ့ ပြတ်သွားတဲ့ အီဗာကို သူ့မွေးနေ့မှာ သူငယ်ချင်း‌တွေက dating app ကတစ်ဆင့် ရည်းစားရှာဖို့ အကြံပေးခဲ့ပါတယ်။ ဒါပေမဲ့ သူတို့မြို့မှာ ကွင်းဆက်လူသတ်သမားက ဒီ app တွေကတစ်ဆင့် အမျိုးသမီးတွေနဲ့ဒိတ်ပြီး သတ်ပစ်တဲ့အမှုတွေ ဖြစ်နေပါတယ်။ ထူးဆန်းတာက လူသတ်သမားက ခြေရာလက်ရာ ဘာမှမကျန်သလို အသတ်ခံရသူ အမျိုးသမီးတွေရဲ့ ဖိနပ်တစ်ဖက်ကိုလည်း ဆုအဖြစ် ယူသွားတတ်ပါတယ်။ အီဗာကတော့ သူငယ်ချင်းတွေကောင်းမှုနဲ့ app ကနေ အပျော်ရည်းစားထားမိပါတယ်။ ဒါမဲ့ သူနဲ့ပတ်သက်မိတဲ့ ယောကျာ်းသုံးယောက်လုံးက အီဗာနားထောင်နေကျ podcast ထဲက ကွင်းဆက်လူသတ်သမားပုံစံနဲ့ ကိုက်ညီနေတဲ့အခါ...ဘယ်သူက လူသတ်သမားလဲ သိရဖို့ စုံထောက်ပါတော့တယ်။ တကယ့်တရားခံအစစ်က ဘယ်သူလဲသိရဖို့ အခုပဲ ကြည့်လိုက်ပါနော်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Shune Lai KK ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း