ဇာတ်ကားများ ရွေးရန်

Home Alone: The Holiday Heist

2012ဇာတ်ကားBlu-ray 1080p

ဒီရုပ်ရှင်ကတော့ Home Alone franchise ရဲ့ ၅ ကားမြောက်ရုပ်ရှင်ဖြစ်ပြီး တခြားကားတွေလိုပဲ Family/ Comedy အမျိုးအစားလေးဖြစ်ပါတယ်။ ‘ဘက်စ်တာ’မိသားစုက ကယ်လီဖိုးနီးယားကနေ မိန်းပြည်နယ်ကို မိခင်ဖြစ်သူရဲ့ အလုပ်ကိစ္စကြောင့်နဲ့ ပြောင်းလာကြပါတယ်။ သူတို့မိသားစုလေးယောက် နေရမယ့်အိမ်ကြီးကတော့ ကျောချမ်းစရာကောင်းတဲ့ အိမ်ကြီးတစ်အိမ်ပါ။ ‘အလက်စစ်’ဆိုတဲ့ အကြီးမက ဆယ်ကျော်သက်တွေရဲ့ ထုံးစံအတိုင်း နေရာအသစ်ကိုပြောင်းလာရတဲ့အတွက် ကလန်ကဆန်လုပ်သလို အငယ်ကောင် ‘ဖင်း’ ကကျတော့လည်း အားနေ ဗီဒီယိုဂိမ်းပဲ ဆော့ရတာကို ဝါသနာပါသူပါ။ ကလေးပီပီ သရဲကြောက်/ အမှောင်ကြောက်တာလည်း ရှိတာပေါ့။ အိမ်ကြီးက အိုဟောင်းနေတော့ အစ်မလုပ်သူက သူမမောင်ကို သရဲရှိတယ် ဘာညာပြောထားရတဲ့အထဲ ဘေးအိမ်က ကလေးလေးကပါ “မင်းတို့အိမ်က သရဲခြောက်တယ် အရင်လူတွေကလည်း သရဲခြောက်ခံရလို့ ပြောင်းပြေးကြတာလေ ညဖက် ညဖက်ဆိုရင် ကျိုးနေတဲ့ခြေထောက်ကြီးကို တရွတ်ဆွဲပြီး သရဲကြီးက လျှောက်သွားနေတာ ပြီးတော့ အဲ့သရဲကြီးက မသေခင်က ဂန်းစတားကြီးလေ” ဆိုပြီး ပြောသွားပါရော။ ဒီလိုနဲ့ မောင်နှမ ၂ ယောက်တည်း သရဲခြောက်တဲ့အိမ်ကြီးထဲမှာ ကျန်ခဲ့တဲ့ တစ်ည လူတစ်စုက သူတို့အိမ်ကို ဖောက်ထွင်းဖို့ ချဉ်းကပ်လာပါတော့တယ်။ ဘာတွေဆက်ဖြစ်ကြမလဲ ကြည့်ရှုကြည့်လိုက်ပါဦး။ အညွှန်းနဲ့ ဘာသာပြန်ကိုတော့ Leon K Zaw ကတင်ဆက်ထားပါတယ်။

ဇာတ်လမ်းအကြောင်း