ဇာတ်ကားများ ရွေးရန်

The Soul

2021ဇာတ်ကားBlu-ray 1080p

ရုပ်ရှင်ချစ်ပရိသတ်တွေအတွက် တကယ့်ကို စိတ်၀င်စားဖို့ကောင်းတဲ့ ထိုင်၀မ်ဇာတ်ကားကောင်းတစ်ကောင်းကို ညွှန်းပေးပါရစေ။ တစ်ကားထဲမှာပဲ Crime, ခေတ်လွန် si-fi, Mystery, Thriller ဆိုပြီး Genre အများကြီးပါ၀င်ပါတယ်။ Plot လည်းကောင်းပြီ တစ်ကားလုံးမြှုပ်ကွက်တွေ လျှိုဝှက်ချက်နဲ့မလို့ တစ်လွှာပြီးတစ်လွှာ ခွာရတဲ့ကြက်လွန်နီလိုမျိုး၊ တင်ဆက်ပေးထားတဲ့ပုံစံက တစ်ခုချင်းစီကို ဆက်စပ်ပြီးတွေးရမယ့် puzzle လိုမျိုးမလို့ အစကနေ အဆုံးထိ ပျင်းကွက်မရှိအောင် ဆွဲဆောင်သွားနိုင်ပါတယ်။ ဒီလို ဇာတ်ကားမျိုးတွေကို ဇာတ်လမ်းအကြောင်းကို ဘာမှမသိထားပဲကြည့်မှ ပိုကောင်းတာမလို့ spoiler ရှောင်ကာ ဇာတ်လမ်းအကြောင်း အနည်းငယ် ဖော်ပြပေးပါ့မယ်။ အမှုစစ်ကြီးလန်တို့ဇနီးမောင်နှံ့နှစ်ယောက်မှာ အမှုစစ်လျန်ဟာ ကင်ဆာ‌ေရာဂါကိုခံစားပြီး ဇနီးဖြစ်သူက ရင်သွေးလွယ်ထားရတယ်။ အမှုစစ်လျန် ကျန်းမာရေးကြောင့် အလုပ်နားချိန်မှာ နာမည်ကျော် စီးပွားရေးလုပ်ငန်းရှင်သူဌေးကြီးတစ်ယောက်ဟာ နေအိမ်မှာပဲ ဆိုးဆိုးရွားရွား အသတ်ခံလိုက်ရတယ်။ အမှုစစ်လျန်ဟာ နေမကောင်းပေမယ့် ငွေကြေးအခက်ခဲကြောင့် နာမည်ကြီးအမှုကို ကိုင်ခွင့်တောင်းကာ ထဲထဲ၀င်၀င် စစစ်ဆေးတော့တယ်။ လူသတ်မှုဟာ သားဖြစ်သူက အဖေဖြစ်သူကို သတ်တဲ့အမှုသဖွယ်ဖြစ်နေပြီး သူဌေးကြီးရဲ့လက်ရှိဇနီးကလည်း အခင်းဖြစ်ရာနေရာမှာ ရှိနေခဲ့ကာ သံသယဖြစ်ဖွယ်အခြေအနေမှာ ရှိနေတယ်။ စုံစမ်းရင်းသိလာရတာက သူဌေးကြီးတို့ရဲ့ရှုပ်ထွေးတဲ့အိမ်ထောင်ရေးနဲ့ ဇနီးဖြစ်သူက ပဉ္စလက်အတတ်တွေအပေါ် စွဲလမ်းခဲ့ပြီး ကျိန်စာတိုက်ခဲ့တဲ့အကြောင်း‌ေတွ။ နောက်ထပ် ဒေါက်တာ၀မ်ဆိုသူတစ်ယောက်ပါ ပေါ်လာခဲ့တယ်။ ကင်ဆာရောဂါကို ခံစားနေရတဲ့ အမှုစစ်လျန်က ကင်ဆာကို အနိုင်ယူနိုင်ပါ့မလား သူဌေးကြီးတို့မိသားစုရဲ့လျှို့ဝှက်ချက်တွေကရော ဘာ‌ေတွများဖြစ်နေမလဲ... ဒီဇာတ်ကားကို အညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Su ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း