ဇာတ်ကားများ ရွေးရန်

Jigra

2024ဇာတ်ကားWeb-dl 1080p

ဘောလီးဝုဒ်ပရိသတ်ကြီးရဲ့အချစ်တော် မင်းသမီး ဂန်ဂူဘိုင်လို့အများသိကြတဲ့ Alia Bhattရဲ့အသစ်ထွက်အက်ရှင်ကားသစ်ပါ ဒီကားထဲမှာတော့ မင်းသမီးက သူ့မောင်လေးကိို သက်စွန့်ဆံဖျားနဲ့ကယ်တင်ရမှာပဲ ဆပ်တရာတို့မောင်နှမ ငယ်သေးတဲ့အရွယ်မှာပဲ အဖေလုပ်သူက သူတို့မျက်စိရှေ့မှာတင် တိုက်ပေါ်ကခုန်ချပြီး သတ်​​သေသွားခဲ့တာပါ အဲဒီကတည်းက ဆပ်တရာကမောင်ဖြစ်သူ အန်ကူကို မျက်စအောက်က အပျောက်မခံတော့ဘူးပဲ အန်ကူအရွယ်ရောက်လာတော့ ကြိုးစားတဲ့လူငယ်တစ်ယောက်အနေနဲ့ ​ ကြိုးစားလုပ်တဲ့ပရောဂျက်တစ်ခုကြောင့် ဦးလေးဖြစ်သူအဆက်အသွယ်နဲ့ ဟန်စီဒေါင်သွားကိုနိုင်ငံရပ်ခြားခရီးသွားရပါတယ် ကံဆိုးသွားနဲ့ပဲသူများနိုင်ငံမှာ မူးရစ်ဆေးအမှုနဲ့အဖမ်းခံလိုက်ရတဲ့အပြင် ကြီးလေးတဲ့အပြစ်ဒဏ်ကိုပါ ခံရတယ်ဆိုတာ ဆပ်တရာ သိလိုက်ရတဲ့အခါ ဆပ်တရာ သူ့မောင်လေးကို ဘယ်လိုကယ်ထုတ်မလဲ ကယ်ထုတ်ဖို့ကြိုးစားရင်းနဲ့ ဘာတွေ ဆက်ဖြစ်ကြမလဲ ကြည့်ရှုပေးကြပါဦးဗျာ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Sora ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း