ဇာတ်ကားများ ရွေးရန်

Kanguva

2024ဇာတ်ကားWeb-dl 1080p

"ထပ်ခါထပ်ခါသေဆုံးပြီး ထပ်ခါထပ်ခါပြန်မွေးဖွားလာရရင်တောင် မင်းအပေါ်တင်နေတဲ့အကြွေးကို ငါပြန်ဆပ်မယ် ပိုရူဗာ..." ရဲတွေလိုက်မဖမ်းနိုင်တဲ့ ရာဇဝတ်သားတွေကို ကိုယ်စားလိုက်ဖမ်းပေးရတဲ့ ကြေးစားအမဲလိုက်သမားနှစ်ယောက်ဖြစ်ကြတဲ့ ဖရန်စစ်နဲ့ကော့တ်..။ တစ်နေ့မှာ လိုက်ဖမ်းရင်း ထိပါးလို့မဖြစ်တဲ့လူတစ်ယောက်ကို သတ်မိသွားခဲ့တယ်။ ဒါပေမဲ့ ပိုဆိုးတာက သူတို့သတ်လိုက်မိတာကို အသက်ငယ်ငယ်လူထူးဆန်းကောင်လေးတစ်ယောက်က မြင်သွားခဲ့တယ်။ ဒီလိုနဲ့ အဲ့ဒီကောင်လေးကို သူတို့ခေါ်သွားရဖို့အကြောင်းဖန်လာတာပေါ့။ ဒါပေမဲ့ ဖရန်စစ်ကတော့ ဒီကောင်လေးကို စတွေ့ကတည်းက ထူးဆန်းတဲ့ခံစားချက်တစ်ခုကို ခံစားခဲ့ရတယ်။ ဘယ်ကလာလို့ ဘယ်သူမှန်းမသိရတဲ့ ဒီကောင်လေးက ရုတ်တရက်ကြီး ထင်မထားတာတွေ ထလုပ်တတ်တဲ့အတွက် သူ့စိတ်ထဲ ပိုထူးဆန်းနေတော့တာပေါ့။ ဒီကောင်လေးက ဘယ်သူလဲ။ ဘယ်ကလာတာလဲ။ ဖရန်စစ်ကရော ဒီကောင်လေးကိုမြင်ကတည်းက ဘာလို့ထူးဆန်းတဲ့ခံစားချက်တစ်ခုကို ခံစားနေမိတာလဲ...။ သူတို့ရဲ့ပတ်သက်မှုက ဘာလဲ။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Zed ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း