Respati
အောက်လမ်းတွေ စုန်းတွေ ကဝေတွေနဲ့ပတ်သတ်ရင် ရုပ်ရှင်လောကမှာနာမည်အကြီးဆုံးအနောက်တိုင်းနိုင်ငံတွေထက်တောင် ပိုကောင်းအောင်ချပြနိုင်တဲ့ အင်ဒိုနီးရှားရဲ့ သည်းထိပ်ရင်ဖိုဇာတ်ကားအသစ်လေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါပြီ။ဇာတ်ကားနာမည်ကတော့ Respati ဖြစ်ပြီး လက်ရှိ IMDb Rating 5.9 အထိရရှိထားပါတယ်။ဒီဇာတ်ကားရဲ့အဓိကဇာတ်ကောင်ကတော့ ဇာတ်ကားနာမည်အတိုင်း ရက်စ်ပါတီဆိုတဲ့ကျောင်းသားလေးတစ်ယောက်ဖြစ်ပြီး သူကတော့ တခြားလူတွေရဲ့အိပ်မက်တွေထဲကိုဝင်ကြည့်နိုင်တဲ့အစွမ်းရှိသူတစ်ယောက်ပဲဖြစ်ပါတယ်။ဒါပေမယ့်သူမြင်တွေ့ရသမျှအိပ်မက်တွေအားလုံးက သေဆုံးခြင်းနဲ့သက်ဆိုင်နေတဲ့ ထိတ်လန့်စရာအိပ်မက်ဆိုးတွေပဲဖြစ်နေတဲ့အတွက် အဲ့ဒီအစွမ်းကိုရပြီးကတည်းကသူ့မှာကောင်းကောင်းမွန်မွန်အိပ်ပျော်တဲ့ညဆိုပြီးမရှိခဲ့ပါဘူး။အဲ့ဒီထက်ပိုထူးဆန်းနေတာက အခုရက်ပိုင်းဖြစ်နေတဲ့ လည်ပင်းညှစ်ခံရပြီး သေဆုံးခဲ့ရတဲ့လူတွေအားလုံးကို သူ့အိပ်မက်ထဲမှာမြင်တွေ့နေခဲ့ရတာပါပဲ။အဲ့ဒါတွေကိုမသိချင်ဟန်ဆောင်ပြီးနေခဲ့ပေမဲ့ သူတို့ကျောင်းကို ဂူလန်ဆိုတဲ့ ထူးဆန်းတဲ့ကောင်မလေးတစ်ယောက်ပြောင်းလာပြီးနောက်မှာ အဲ့ဒီကောင်မလေးကလည်း ဒီကိစ္စတွေနဲ့မကင်းတဲ့သူဖြစ်နေတဲ့အတွက် သူတို့နှစ်ယောက်ပူးပေါင်းပြီး ဒီအိပ်မက်ဆိုးတွေကနေ ရှောင်မပြေးတော့ပဲ ထိပ်တိုက်ရင်ဆိုင်ရင်းနဲ့မှ ဒီလိုသေဆုံးမှုတွေရဲ့နောက်ကွယ်မှာဘယ်လိုအရာတွေရှိနေမယ်ဆိုတာကို စိတ်ဝင်စားစရာရှုစားရမှာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Eazy ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း