ဇာတ်ကားများ ရွေးရန်

Heretic

2024ဇာတ်ကားWeb-dl 1080p

မင်းသားကြီး Hugh Grant အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ Psycho Horror ဖြစ်ပြီး ဘာသာရေးနဲ့ပတ်သက်တဲ့ အယူဝါဒတွေ ယုံကြည်မှုတွေ ရွေးချယ်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့် တွေ့ရမှာဖြစ်ပါတယ်။ သာသနာပြုတာဝန်ထမ်းဆောင်နေတဲ့ စစ္စတာမိန်းမငယ်လေးနှစ်ယောက်က ခရစ်ယာန်ဘာသာကို ယုံကြည်သက်ဝင်အောင် လှည့်လည်ဆောင်ရွက်ရပါတယ်။ မိုးတွေရွာပြီး မုန်တိုင်းကျတဲ့တစ်နေ့မှ သူတို့နဲ့ဆွေးနွေးဖို့ ဖိတ်ခေါ်ထားတဲ့ လူကြီးအိမ်ကို သွားမိရာကနေ ကံဆိုးတော့တာပါပဲ။ ဒီထူးဆန်းတဲ့လူကြီးက စလာတည်းက ဘာသာရေးနဲ့ပတ်သက်တဲ့ ထူးထူးဆန်းဆန်းမေးခွန်းတွေ မေးပြီး စစ္စတာနှစ်ယောက်ကတော့ အိမ်ပြန်လို့မရတော့ဘဲ အိမ်ကြီးထဲမှာ ပိတ်မိနေပါတော့တယ်။ အိမ်ထဲကနေ ထွက်ရဖို့ ဒီလူရဲ့ ယုံကြည်မှုကို စမ်းသပ်တဲ့ဂိမ်းမှာ ပါဝင်ကစားရပါတော့တယ်။ IMDB rating 7.2/10 ရထားပြီး ဘာသာတရားနဲ့ပတ်သက်တဲ့ ယုံကြည်မှုနဲ့သံသယတွေကို ဘုတ်ဂိမ်းတွေ ကွဲပြားတဲ့ အယူဝါဒတွေ ကျော်ကြားတဲ့ဂီတတွေနဲ့ နှိုင်းယှဉ်ပြထားတာမို့ ပရိသတ်တွေဘက်က ပြန်လည်သုံးသပ်ဆင်ခြင်နိုင်မှာပါ။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Shune Lai KK ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း