Red One
ဒီနှစ်ခရစ္စမတ်မှာ စောင့်မျှော်နေကြသူတွေအများကြီးရှိတဲ့ နာမည်ကြီးသရုပ်ဆောင်တွေနဲ့ရိုက်ကူးထားတဲ့ ဆန်တာကလော့စ်ပြန်ပေးဆွဲခံရတဲ့ဇာတ်ကားကောင်းကြီးကိုတော့ အခုအချိန်မှာတင်ဆက်ပေးလိုက်ပါပြီ။ဇာတ်ကားနာမည်ကတော့ တော်တော်များများသိပြီးကြတဲ့အတိုင်း Red One ဖြစ်ပြီး လက်ရှိ IMDb Rating 6.8 အထိရရှိထားပါတယ်။သရုပ်ဆောင်တွေအနေနဲ့ကလည်း မိတ်ဆက်ပေးနေစရာကိုမလိုလောက်အောင် ဟောလီး၀ုဒ်လူထွားကြီး Dwayne The Rock Johnson တို့ လူချောကြီးကပ္ပတိန်အမေရိက Chris Evans တို့အပြင်တခြားသောနာမည်ကြီးသရုပ်ဆောင်တွေများစွာပါဝင်ထားတဲ့အတွက်ဒီခရစ္စမတ်အတွက်အချိန်ပေးပြီးကြည့်ရတာတန်စေမဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။အထက်မှာပြောခဲ့တဲ့အတိုင်းဆန်တာကလော့စ်ပြန်ပေးဆွဲခံရတဲ့အဓိကဇာတ်လမ်းကဘယ်ကစတာလဲဆိုရင်တော့ ဂျက်ခ်လို့ခေါ်တဲ့အလွတ်တမ်း ဟက်ကာဆရာကြီးတစ်ယောက် ဆန်တာကလော့စ်ရဲ့တည်နေရာကိုရှာပေးလိုက်မိရာကနေစတာပါပဲ။သူကိုယ်တိုင်ကတော့ ခိုင်းလို့သာလုပ်ရတာ ဆန်တာကလော့စ်နဲ့သက်ဆိုင်နေမှန်းမသိပေမဲ့ မြောက်ဝင်ရိုးစွန်းက ဆန်တာကလော့စ်ရဲ့စခန်းကြီးအဖောက်ခံရပြီး ပြန်ပေးဆွဲခံလိုက်ရပါတော့တယ်။အဲ့ဒါကြောင့်ကျန်ခဲ့တဲ့ ဆန်တာရဲ့ကိုယ်ရံတော်ကြီး ကယ်လ်က ဆန်တာ့ကိုပြန်ရှာဖို့ကြိုးစားရင်း ဂျက်ခ်ကိုတွေ့သွားပြီး သူစခဲ့တဲ့အရှုပ်ထုပ် သူ့ကိုပြန်ရှင်းခိုင်းရင်းနဲ့ နှစ်ယောက်သား ဆန်တာကယ်ဆယ်ရေးစစ်ဆင်ရေးကိုဘယ်လိုတွေအတူဆောင်ရွက်သွားကြမလဲဆိုတာကိုရှုစားရမဲ့ ဇာတ်ကားကောင်းမျှော်နေသူတွေအတွက် သတင်းကောင်းလေးဖြစ်ကြောင်းညွှန်းပေးလိုက်ချင်ပါတယ်။ ဒီဇာတ်ကားကို အညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Eazy ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း