ဇာတ်ကားများ ရွေးရန်

A Day

2017ဇာတ်ကားBlu-ray 1080p

ဂင်ဂျွန်ယောင်းဆိုတဲ့ နာမည်ကြီးဆရာဝန်တစ်ယောက်ဖြစ်ပြီး ယူအန်နဲ့ညှိနှိုင်းမှုတွေလုပ်ပြီး ပြန်လာခဲ့တာပါ။ ပြန်လာတဲ့လေယာဉ်ပေါ်မှာ လေယာဉ်မယ်က သူ့ရဲ့fanမလို့ လက်မှတ်ထိုးခိုင်းတော့ ဓာတ်ပုံပါတွဲရိုက်ခဲ့ပါတယ်။ လေဆိပ်မှာလည်း ချိုချဉ်နင်ပြီး အသက်ရှူကြပ်နေတဲ့ကလေးတစ်ယောက်ကိုကယ်ပြီး သူငယ်ချင်းရဲ့စီစဉ်မှုကြောင့် ဗီအိုင်ပီဂိတ်ကအထွက်မှာတင် သတင်းစာရှင်းလင်းပွဲလုပ်လိုက်ရပါတယ်။ သူ့မှာ သမီးလေးတစ်ယောက်ရှိပြီး သူပြန်လာတဲ့နေ့ကကလေးရဲ့မွေးနေ့ဖြစ်တာမလို့ အပြေးပြန်တဲ့အချိန်လမ်းမှာ ယာဉ်တိုက်မှုကြုံရတဲ့တက္ကစီသမားကို ကယ်ပေးပြီး ပြန်အထွက်မှာ သမီးဖြစ်သူကိုဖုန်းခေါ်ခဲ့ပါတယ်။ ဒါပေမဲ့ ကိုင်တဲ့လူအသံက သူ့ဘေးကထွက်လာတဲ့အသံဖြစ်နေပြီး ယာဉ်တိုက်ခံရပြီး သေဆုံးသူက သူ့သမီးလေးဖြစ်နေခဲ့ပါတယ်။ အဲဒီလိုနဲ့ သူလေယာဉ်ပေါ်မှာ ပြန်နိုးလာခဲ့ပြီး သူရှေ့မှာကြုံခဲ့ရသလိုမျိုးကြုံရပြီး သူ့သမီးသေသွားတာကို ထပ်ကြုံတွေ့ရချိန်မှာတော့ သူ့သမီးကိုပြန်ကယ်တင်ဖို့ ဘုရားပေးတဲ့အခွင့်အရေးဆိုပြီး ကြိုးစားကယ်တင်ပါတော့တယ်။ ဒီလိုတစ်ရက်တည်းကို ထပ်တလဲလဲကြုံနေရတာ သူတစ်ယောက်တည်းမဟုတ်ဘဲ ယာဉ်တိုက်မှုဆီရောက်လာတဲ့ ambulanceမောင်းသမားကပါ ထပ်ခါတလဲလဲပြန်ဖြစ်နေတာကိုကြုံလာတဲ့အခါ ဘာတွေဆက်ဖြစ်လာမလဲ? ဒီလိုအရာတွေကို သူတို့ကဘာလို့ကြုံနေရတာဖြစ်မလဲ? ဒီကားကို အညွှန်းနဲ့ဘာသာပြန်ဆိုသူက Huihui ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း