ဇာတ်ကားများ ရွေးရန်

Confession of Pain

2006ဇာတ်ကားBlu-ray 1080p

ဒီတစ်ခါမှာလည်း ဇာတ်ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ထိပ်တန်းသရုပ်ဆောင်တွေဖြစ်ကြတဲ့ Tony Leung၊ Takeshi Kaneshiro နဲ့ မမ Shu Qi တို့အဓိကပါ၀င်ထားတဲ့ ဟောင်ကောင်ဇာတ်ကားဟောင်းတစ်ကားပါ။ ရဲလုပ်ပြီး ကမ္ဘာကြီးကိုပြောင်းလဲပြစ်ချင်ခဲ့တဲ့ အားဘုံးဟာ ကမ္ဘာကြီးကပဲ သူ့ကိုပြောင်းလဲပေးလိုက်လို့ အဖြစ်ဆိုးတွေနဲ့ကြုံလိုက်ရပြီး သူ့ဆရာဖြစ်သူ အားဟေးနဲ့ ရဲတပ်ဖွဲ့ကိုစွန့်ကာ အလွတ်စုံထောက်လုပ် အရက်သမားလုံးလုံးဖြစ်သွားခဲ့တယ်။ အဆက်သွယ်မပြတ်ကြတဲ့ ဆရာတပည့်နှစ်‌ယောက်ဟာ အခင်မင်မပျက် ရှိနေခဲ့ကြတယ်။ အားဟေးအိမ်ထောင်ကျပြီး မကြာမီမှာပဲ ယောက္ခမဖြစ်သူ အသတ်ခံလိုက်ရပြီး ဇနီးဖြစ်သူကပါ သံသလွန်ကဲလာကာ နောက်ယောင်ခံလိုက်ခံနေရသလို ခံစားလာရလို့ နောက်ဆုံးမှာတော့ အမှုကို အလွတ်စုံထောက်လုပ်နေတဲ့ အားဘုံးဆီအပ်လိုက်ရတယ်။ အမှုမှာ လူသတ်သမားနှစ်ယောက်ပါ၀င်ခဲ့ပြီး လုယက်မှုလို့ ထင်ခဲ့ပေမယ့် လူသတ်သမားနှစ်ယောက်ပါ သေသွားခဲ့လေတော့ သုံးယောက်မြောက်လူရှိနိုင်မှန်း သတိထားမိလာတဲ့ အားဘုံးဟာ သာမန်လုယက်မှုမဟုတ်လောက်ကြောင်း စုံစမ်းရာကနေ အမှန်တရားကို သိလာရပြီး တကယ့်လူသတ်မားရဲ့သတ်ရတဲ့အကြောင်းတွေကို နာကျင်စွာနဲ့ ဘယ်လိုမျိုး၀န်ခံ ဖြောင့်ချက်ပေးမှာလဲ.... ဒီဇာတ်ကားကို အညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Su ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း