Missing Woman
ဒီတစ်ခေါက်မှာတော့ မျက်ရည်တွေဖြိုင်ဖြိုင်မိုးဖြစ်မဲ့ ထိရှဖွယ်ဇာတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။2016မှာထွက်ရှိခဲ့တဲ့ Missing ဆိုတဲ့ရုပ်ရှင်လေးမှာတော့ မတူညီတဲ့မိခင်မေတ္တာတွေကိုပုံစံအမျိုးမျိုးနဲ့သိမြင်ရမှာဖြစ်ပြီး ဇာတ်လမ်းပြီးသွားတာတောင်ရင်ထဲမှာစွဲကျန်စေမဲ့ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ အီဂျီဆွန်းဆိုတဲ့အိမ်ထောင်ကွဲအမျိုးသမီးဟာ ဝင်ငွေရှိတဲ့သူအနေနဲ့ကလေးအုပ်ထိန်းခွင့်ရဖို့ကြိုးစားနေရင်း သမီးလေးဒါအွန်းကို ကိုရီယားစကားသိပ်မပြောတတ်တဲ့ တရုတ်ကလေးထိန်းဟန်မယ်ဆီမှာပဲအပ်ပြီးထားခဲ့နေကျပါ။ ကလေးကို သူ့သမီးအရင်းလေးသဖွယ်ချစ်ပေးတာကိုမြင်ပြီးစိတ်ချလက်ချထားခဲ့ကာ အလုပ်ကိုပဲအာရုံစိုက်မိရာက တစ်နေ့ညဘက်အလုပ်ဆင်းပြီးပြန်လာတော့သမီးရောကလေးထိန်းရောပျောက်သွားခဲ့ပါတယ်။ အစပိုင်းမှာပျောက်နေတယ်လို့တောင်မထင်ခဲ့ပေမဲ့ တစ်ရက်ကနေနှစ်ရက်ဖြစ်လာတဲ့အခါမှာတောင် စတင်ပြီးပူပန်လာရပါတော့တယ်။ အလုပ်ကိုပဲခေါင်းစိုက်ခဲ့ရတဲ့အမေတစ်ယောက် ကလေးထိန်းနဲ့ပတ်သက်ပြီးဘာမှမသိခဲ့ဘဲ သမီးပျောက်သွားတဲ့အချိန်မှ သွေးရိုးသားရိုးမဟုတ်ကြောင်းလိုက်လံစုံစမ်းခဲ့ရာကသိခဲ့ရပါတော့တယ်။ တစ်ဖက်မှာလည်းကလေးအုပ်ထိန်းခွင့်အတွက် တရားရင်ဆိုင်နေဆဲကာလဖြစ်တာကြောင့် ခင်ပွန်းဟောင်းဘက်ကိုကလေးမပေးချင်လို့ဖွက်ထားတယ်ဆိုပြီး သံသယအဝင်ခံရပါတော့တယ်။ အစပိုင်းမှာမြှပ်ကွက်အနေနဲ့ထည့်ထားတဲ့ကလေးထိန်းရဲ့သရုပ်မှန်နဲ့ဘဝဇာတ်ကြောင်းကလည်း အတော်လေးဇာတ်ကိုဆွဲခေါ်သွားပါတယ်။ ကလေးပျောက်လို့ ပူပန်သောကရောက်နေရတဲ့အမေတစ်ယောက်နဲ့ ကလေးဆုံးရှုံးလိုက်ရလို့ပူဆွေးသောကရောက်နေတဲ့အမေတစ်ယောက်ရဲ့ သားသမီးအတွက်ဆိုရင် ဘာပဲလုပ်ရလုပ်ရပေးဆပ်မဲ့မေတ္တာတွေ၊ မိုက်ရူးရဲဆန်မှုတွေ၊ စွန့်စားရဲတဲ့သတ္တိတွေကို ဘဝဇာတ်ခုံအမျိုးမျိုးကနေမြင်တွေ့ခံစားရမှာဖြစ်လို့ ကြည့်ရှုပေးကြဖို့တိုက်တွန်းလိုက်ရပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Hnin Yee ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း