ဇာတ်ကားများ ရွေးရန်

Haunter

2013ဇာတ်ကားBlu-ray 1080p

Horror အမျိုးအစား ဖြစ်ပေမယ့် ပြူးတူးပြဲတဲ ခြောက်လှန့်နေတာမဟုတ်ဘဲ စဉ်းစားတွေးတောစရာ အများကြီးနဲ့ ကြည့်ရမယ့် ကားလေးပါ။ Thriller နဲ့ Twist တွေများတဲ့ ဝိဉာဉ်ကားလို့ ပြောရင် ပိုသင့်လျော်ပြီး စဉ်းစားတွေးခေါ်ရတာကို ကြိုက်တဲ့သူတွေအတွက်တော့ ကြည့်လို့ကောင်းမှာပါ။ ဒီကားမှာ ထူးဆန်းတာကတော့ ဇာတ်လိုက်ကိုယ်တိုင်ကိုက ဝိဉာဉ်ဖြစ်နေပြီးသား ဖြစ်ပါတယ်။ ဟိုးအရင်နှစ်တွေတည်းက လူတွေကိုဖမ်းပြီး သတ်ဖြတ်နေတဲ့ လူတစ်ယောက်က သူသေဆုံးပြီးတဲ့တိုင်အောင် လူတွေကိုဝင်ပူးပြီး လှည့်စားသတ်ဖြတ်နေဆဲ ဖြစ်ပါတယ်။ လီဆာတို့မိသားစုဟာလည်း ဒီလိုမျိုးနဲ့ အသတ်ခံရပြီး အဲဒီဝိဉာဉ်တွေက သူတို့အသတ်ခံရတာကို သဘောမပေါက်ဘဲ ပုံမှန်သက်ရှိတွေအတိုင်း သံသရာလည် နေထိုင်ကြတယ်။ ဒါပေမဲ့ လီဆာကတော့ ဒီသံသရာထဲကနေ နိုးထလာနိုင်ပြီး ဒီအိမ်ကြီးထဲကနေ ထွက်ခွာလို့မရ ဖြစ်နေရတဲ့အကြောင်းအရင်းကို ရှာဖွေပါတော့တယ်။ သူ့လိုပဲ အသတ်ခံခဲ့ရတဲ့ တခြားမိန်းကလေးတွေနဲ့ ဆက်သွယ်မိပြီးတော့ မကောင်းဆိုးဝါးဝိဉာဉ်ကြီးကို ဘယ်လိုရင်ဆိုင်ကြမလဲ? ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ nanda tun kyaw ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း