ဇာတ်ကားများ ရွေးရန်

Guardian of the Palace

2020ဇာတ်ကားWeb-dl 1080p

Adventure, Fantasy ပရိသတ်ကြီးတို့အတွက် ရတနာရှာစွန့်စားခန်းဖွင့်ရမယ့် ဇာတ်ကားတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဟိုးရှေးရှေးတုန်းက အလွန်စည်ပင်သာယာ၀ပြောခဲ့တဲ့ ဟေးရွှယ်တိုင်းပြည်ဆိုတဲ့ တိုင်းပြည်တစ်ခုရှိခဲ့ဖူးသတဲ့။ ထိုတိုင်းပြည်ဟာ ညတွင်းချင်းမှာပဲ သဲတွေဖုံးလွှမ်းသွားခဲ့ကာ မြေအောက်ကို ရောက်သွားခဲ့ရတယ်။ ထိုတိုင်းပြည်မှာ အလွန်တရာမှ အဖိုးတန်လှတဲ့ ရွှေလစန္ဒာရတနာတစ်ပါးရှိခဲ့တယ်။ နှစ‌်တွေကြာညောင်း ခေတ်တွေပြောင်းလာခဲ့ပြီးနောက်မှာ ဟေးရွှယ်မြို့ငယ်လေးတစ်ခု ‌ဖြစ်ပေါ်လာခဲ့ပြီး နယ်ပယ်ပေါင်းစုံက လူမျိုးစုံနဲ့ အေးချမ်းသာယာနေတယ်။ ဒါပေမယ့် မျှော်လင့်မထားတဲ့ ပလိပ်ရောဂါကပ်ဆိုးကြီးက ကျရောက်လာလေတော့ ရောဂါတွေကို ကုသ‌ပေးနိုင်တယ်လို့ ဒဏ္ဍာရီရှိတဲ့ ‌ရွှေလစန္ဒာရတနာကို ရှာဖို့အတွက် ဟေးရွှယ်နယ်ကိုအုပ်စိုးတဲ့ဗိုလ်ချုပ်ကြီးဖုန်းက ရှေးဟောင်းမြေအောက်မြို့တော်ကို တစ်ခါရောက်ဖူးတဲ့ ထျန်းရာတို့အဖွဲ့ကို တာ၀န်ပေးစေခိုင်းတယ်။ ထျန်းရာတို့နဲ့ဗိုလ်ချုပ်တို့တတွေဟာ အန္တရာယ်များကာ လျှို့ဝှက်ဆန်းကြယ်လှတဲ့ မြေအောက်မြို့တော်က ရတနာကို ရှာပုံတော်ဖွင့်ကြတော့တယ်။ ရတနာကို ရယူဖို့ ဘယ်လိုအခက်ခဲတွေကို ကျော်လွှားရမလဲ ဗိုလ်ချုပ်ကြီးဆိုသူကရော တကယ်ပဲ ပြည်သူတွေအသက်ကိုကယ်တင်ချင်နေတဲ့ သဘောရိုးနဲ့ပဲလား..... ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Su ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း