ဇာတ်ကားများ ရွေးရန်

Survive

2024ဇာတ်ကားBlu-ray 1080p

သားသမီး ၂ ယောက်နဲ့မိသားစုတစ်စု ပင်လယ်ထဲမှာ အပျော်စီးလှေလေးနဲ့ခရီးထွက်ရင်းနဲ့ ရုတ်တရက်ကြီးရေတွေအကုန်ပျောက်သွားပြီး ကမ္ဘာပျက်ကပ်ကြီးဆိုက်တဲ့အကြောင်းကိုရိုက်ကူးထားတဲ့ Survive ဆိုတဲ့ဇာတ်ကားကောင်းတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ကမ္ဘာပျက်ကပ်အကြောင်းစိတ်ကူးယဉ်ရိုက်ကူးထားတဲ့ဇာတ်ကားတွေထဲမှာ ဒီကားက တော်တော်လေး ယုတ္တိတန်ပြီး လက်ခံလို့ရတဲ့အနေအထားမှာရှိတယ်လို့ပြောရမှာပါပဲ။အဲ့ဒီမိသားစုထဲမှာဂျူလီယာနဲ့တွမ်တို့ကမိဘတွေဖြစ်ပြီး အကြီးမ ကက်စီနဲ့ အငယ်ကောင် ဘန်တို့ပါဝင်ပါတယ်။စစချင်းမှာတော့ အပျော်စီးလှေလေးနဲ့မိသားစုပျော်ပျော်ပါးပါးနေခဲ့ကြပေမဲ့ သိပ်မကြာခင်မှာတော့ အထက်မှာပြောခဲ့တဲ့အတိုင်း သူတို့သွားနေတဲ့ပင်လယ်ကြီးထဲကရေတွေမရှိတော့ပါဘူး။ဘယ်လိုဘယ်ဝါတွေကြောင့်ဖြစ်သွားတာမှန်း မသိတဲ့အတွက် ရေဒီယိုနဲ့လိုက်လံမေးမြန်းပြီးတဲ့နောက်မှာတော့ ကြုံတောင့်ကြုံခဲရှားရှားပါးပါးဖြစ်တဲ့ ကမ္ဘာ့ဝင်ရိုးပြောင်းပြန်ဖြစ်သွားပြီး ရေရှိတဲ့နေရာက ကုန်းမြေဖြစ် ကုန်းမြေရှိတဲ့နေရာကရေပြင်တွေဖြစ်ကုန်တာဖြစ်ပါတယ်။ဒါပေမယ့်ဒီလိုဖြစ်တာက သိပ်ကြာမှာမဟုတ်ပဲ တစ်ပတ်အတွင်း မူလအတိုင်းပြန်ဖြစ်လာမှာဖြစ်တဲ့အတွက် ရေတွေပြန်ရောက်လာတဲ့အခါကျရင်အဆင်သင့်ဖြစ်နေဖို့အတွက် ဒီမိသားစု ၄ ယောက်ဘယ်လိုရုန်းကန်သွားမလဲဆိုတာကို စိတ်ဝင်စားစရာကောင်းစွာရှုစားရမဲ့ Survival ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Eazy ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း