ဇာတ်ကားများ ရွေးရန်

Grace: The Possession

2014ဇာတ်ကားBlu-ray 1080p

၂၀၁၄ ခုနှစ်ကထွက်ရှိထားပြီး လူသိပ်မသိပေမဲ့ Horror အရသာကို အပြည့်အဝပေးစွမ်းနိုင်တဲ့ ဇာတ်ကားတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီကားရဲ့ထူးခြားချက်ကတော့ အဓိကဇာတ်ကောင် Grace ဟာ နတ်ဆိုးဆီမှာ အပူးခံထားရတာဖြစ်ပြီး တစ်ကားလုံးကို ကြည့်ရှုသူတွေက Grace ရဲ့မျက်လုံးတွေကနေတစ်ဆင့် POV ပုံစံ ကြည့်ရှုကြရမှာပါ။ Grace ဟာ အသက်(၁၈)နှစ်အရွယ် ကတ်သလစ်ခရစ်ယာန် အပျိုစင်မလေးတစ်ယောက်ဖြစ်ပါတယ်။ သူ့အမေ Mary ဟာ စိတ်ကျန်းမာရေးရောဂါဖြစ်ပြီးသေသွားတာလို့ ဘေးလူတွေသိထားကြတာဆိုပေမဲ့ တကယ်တမ်းမှာ နတ်ဆိုးတစ်ကောင်ရဲ့ လွှမ်းမိုးချုပ်ကိုင်မှုကိုခံရပြီး သေဆုံးသွားခဲ့ရတာဖြစ်ပါတယ်။ သမီးဖြစ်သူ Grace ရဲ့ဝိညာဉ်ကိုလည်း နတ်ဆိုးက တဖြည်းဖြည်းအပိုင်စီးဖို့ကြိုးစားသွားမှာဖြစ်ပြီး Grace အနေနဲ့ နတ်ဆိုးလက်အောက် ကျရောက်သွားမလား လွတ်အောင်ရုန်းကန်နိုင်မလားဆိုတာကို ကြည့်ရှုခံစားကြည့်ကြပါဦးဗျာ။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Aung Myat Tun ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း