ဇာတ်ကားများ ရွေးရန်

Beyond the Edge

2018ဇာတ်ကားBlu-Ray 1080p

App ထဲကနေ Movie Request လုပ်ထားတဲ့ကားတွေထဲက တစ်ကားဖြစ်တဲ့ Beyond the Edge လေးကိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ် ကျွမ်းကျင်လူလိမ်တစ်ယောက်ဖြစ်တဲ့ မိုက်ကယ်က သူ့ရဲ့လိမ်ညာမှုမစခင်မှာ အဘက်ဘက်ကနေ ထောင့်စေ့အောင် ကြိုတင်ပြင်ဆင်လေ့ရှိပါတယ်။ ဒီတစ်ခါမှာလည်း ကာစီနိုဝိုင်းမှာ တစ်ပတ်ရိုက်ပြီး လောင်းကစားငွေတွေရယူဖို့ ကြံစည်ထားပေမဲ့ သူ့ထက် ပိုပြီးအရည်အချင်းရှိတဲ့ ပြိုင်ဘက်နဲ့တွေ့လိုက်ရတဲ့အခါမှာတော့ ကြံစည်ထားသမျှ သဲထဲရေသွန်ဖြစ်ခဲ့ရတဲ့အပြင် အကြွေးတွေပါ ဝိုင်းလာပါတော့တယ်။ အကြွေးတွေပြန်ဆပ်ဖို့နဲ့ ပါသွားသမျှငွေတွေပြန်ယူဖို့ မိုက်ကယ်တစ်ယောက် စွမ်းရည်ကိုယ်စီရှိကြတဲ့ အပေါင်းအပါတွေကို နေရာစုံကနေ လိုက်စုစည်းပါတော့တယ်။ အင်အားတောင့်သွားတဲ့ မိုက်ကယ်တို့လူလိမ်အဖွဲ့ ဘယ်လိုအမိုက်စားစွမ်းရည်တွေနဲ့ အပီချဲကြမလဲ။ ဘယ်လိုထင်မထားတဲ့ရန်သူတွေနဲ့လည်း တွေ့ရဦးမလဲဆိုတာကို ဇာတ်လမ်းလေးထဲမှာ ဆက်လက်ကြည့်ရှုလိုက်ရအောင်။ ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်တင်ဆက်သူကတော့ Ei Thinzar Nyein ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း