T-34
ဒီရုပ်ရှင်ကတော့ War/ Action အမျိုးအစားကိုမှ IMDb 6.8 လောက်ထိရထားပြီးတော့ ဒုတိယကမ္ဘာစစ်အတွင်း နာဇီတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ တင့်ကားဟီးရိုးတွေ - အိမ်ကို ပြန်ရောက်လာနိုင်တဲ့ သို့မဟုတ် တိုက်ပွဲအတွင်းကျဆုံးသွားတဲ့ တင့်ကားဟီးရိုးတွေ - ကို ဂုဏ်ပြုပြီး ရိုက်ကူးထားတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ ဇာတ်ကားကြာချိန်က ၂ နာရီကျော်ပေမယ့် ကြားထဲမှာ လေပေါနေတာတွေ ဇာတ်ကြီးက အီလည်လည်ဖြစ်နေတာတွေ လုံးဝမရှိတဲ့အပြင် တင့်ကားကနေ ပစ်လိုက်တဲ့ အမြှောက်ဆန်ရဲ့ သွားရာလမ်းကြောင်း၊ တစ်ဖက်ရန်သူတင့်ကားကို ထိမှန်ပုံ ဒါတွေကို အနှေးပြကွက်တွေနဲ့ ပြသထားတဲ့အတွက် ဇာတ်ကားအစကနေ အဆုံးအထိ အိပ်မငိုက်ဘဲကြည့်ရမယ့် စစ်ကားလို့ ညွှန်းပါရစေ။ ဇာတ်လမ်းအကျဉ်းကတော့ - နာဇီတွေရဲ့ တင့်ကားတပ်က မော်စကိုမြို့တော်ဆီ ချီတက်လာပြီဖြစ်တဲ့အတွက် ကြားထဲမှာရှိတဲ့ ရုရှားမြို့တွေရွာတွေကို ပြည်သူက စွန့်ပစ်ပြီးပြေးရပါတော့တယ်။ အဲ့ဒီမှာ ခံစစ်နဲ့ တိုက်ပေးနေတဲ့ တင့်ကားကွန်မန်ဒါတွေကလည်း အကုန်သတ်ခံရပြီး အရာရှိနဲ့ ဆေးရုံကအဖွဲ့တွေ ထွက်ပြေးဖို့အတွက် ကာပေးဖို့ရာ ခြေလျင်တပ်စုတစ်စုရယ် ‘နီကိုလိုင်’လို့ခေါ်တဲ့ အခုမှကျောင်းဆင်းလာတဲ့ ဂျူနီယာလက်ဖတင်နင်လေး တစ်ယောက်ရယ်ပဲ ကျန်ပါတယ်။ ဒီတော့ လူသူမရှိတော့တဲ့ မြို့မှာ နာဇီတွေအလာကိုစောင့်ရင်း နီကိုလိုင်က ဂုဏ်ထူးဆောင်ကျောင်းသားဆိုတဲ့ဂုဏ်နဲ့အညီ သူ့ရဲ့ ပထမဆုံးရှေ့တန်း တိုက်ပွဲမှာ တင့်ကား ၅ စီးကို ချေမှုန်းနိုင်ခဲ့တယ်။ နောက်ဆုံးအစီးကိုတော့ သူမချေမှုန်းနိုင်ဘဲ စစ်သုံ့ပန်းဘဝကို ရောက်ရတော့တယ်။ ဒီလိုနဲ့နှစ်တွေကြာသွားပြီးနောက် နာဇီရဲ့ စခန်းတစ်ခုကို ရုရှားပိုင် တီ-၃၄ ဆိုတဲ့ တင့်ကားကြီးက ရောက်ချလာတယ်။ အဲ့တင့်ကားကိုသုံးပြီး ဂျာမန်တွေက သူတို့ဘက်က ဗိုလ်လောင်းတွေကို လေ့ကျင့်ပေးချင်ကြတာ။ အဲ့လိုလေ့ကျင့်ဖို့အတွက် အသေခံရုရှားသုံ့ပန်းအဖြစ် နီကိုလိုင်ကို ရွေးလိုက်ပါရော။ အဲ့မှာ နီကိုလိုင်က တင့်ကားကြီးကို ခိုးပြီးထွက်ပြေးဖို့ ကြံစည်တော့တယ်။ သူ့ရဲ့ အကြံအစည်က အထမြောက်မလား။ သူ့နောက်ကိုဘယ်သူတွေလိုက်ကြမလဲ။ သူတို့ရဲ့ အိမ်ပြန်ခရီးက ဘယ်လောက်အထိ အန္တရာယ်များမလဲ ဆိုတာကို ကြည့်ရှုခံစားကြပါဦး။ အညွှန်းနဲ့ ဘာသာပြန်ကိုတော့ Leon K Zaw ကတင်ဆက်ထားပါတယ်။
ဇာတ်လမ်းအကြောင်း