ဇာတ်ကားများ ရွေးရန်

Ferry 2

2024ဇာတ်ကားWeb-dl 1080p

ဒက်ချ်ရုပ်ရှင်ကားတွေထဲကမှ ထူးထူးခြားခြားနာမည်ကြီးသွားခဲ့တဲ့ Ferry ဆိုတဲ့မူးယစ်ဆေးချက်ရောင်းတဲ့ဦးလေးကြီးဇာတ်ကားကိုမှတ်မိကြဦးမယ်ထင်ပါတယ်။အခုဆိုရင် အဲ့ဒီဇာတ်ကားရဲ့အဆက်ဖြစ်တဲ့ Ferry 2 ကိုထပ်မံတင်ဆက်ပေးလိုက်ပါတယ်။ပထမကားမှာ IMDb Rating 7.0 ရရှိခဲ့ပြီး ဒီကားမှာတော့ လက်ရှိ 5.9 အထိပဲရရှိသေးတဲ့အတွက်ပထမကားကိုလိုက်မမှီဘူးလို့ပြောလို့ရပေမဲ့လည်း သူ့ဟာနဲ့သူတော့ နောက်ဆက်တွဲကားတစ်ကားအနေနဲ့ ကြည့်လို့ကောင်းနေသေးတဲ့အနေအထားရှိတုန်းပါပဲ။ပထမကားမကြည့်ဖူးသေးတဲ့သူတွေအတွက် အကျဉ်းချုပ်လေးပြန်ပြောရရင်တော့ ဖယ်ရီက အထက်မှာပြောခဲ့တဲ့အတိုင်း မူးယစ်ဆေးရောင်းဝယ်မှုတွေလုပ်ပြီး သူ့နယ်မှာ ဘုရင်တစ်ပါးဖြစ်ခဲ့ပေမဲ့ နောက်ကျောဓားထိုးခံရတာကြောင့် ချစ်ရသူတွေအများကြီးကိုဆုံးရှုံးခဲ့ရတဲ့အပြင် ပိုင်ဆိုင်မှုတွေပါဆုံးရှုံးခဲ့ရပါတော့တယ်။အဲ့ဒါကြောင့်နောက်ဆက်တွဲကားမှာတော့ သူ့ဘာသာသူပျော်ပျော်ပါးပါး ကိုစတာဘလန်ကာကမ်းခြေလေးမှာ နေပူဆာလှုံရင်း ဘ၀ကိုဖြတ်သန်းဖို့ဆုံးဖြတ်ခဲ့ပါတော့တယ်။ဒါပေမယ့် အဲ့လိုကြာကြာတောင်မနေလိုက်ရပဲ သူ့ဆီကို တူမဖြစ်သူရောက်ချလာပြီး ဆေးချက်ဖို့ပိုက်ဆံလာတောင်းပါတော့တယ်။ဒီလိုနဲ့သူ့တူမလည်း ဦးလေးခြေရာနင်းပြီး ဆေးလောကမှာပြဿနာတွေတက်နေမှန်းသိလိုက်ရတဲ့အခါမှာတော့ သူကိုယ်တိုင်လိုက်ရှင်းပေးရင်းနဲ့ ဖယ်ရီတစ်ယောက် မူးယစ်ဆေးလောကထဲ တစ်ခါပြန်ခြေချဖြစ်သွားပုံကို ရှုစားရဦးမဲ့ ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Eazy ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း