Joker Game
ဒီတစ်ခေါက် တင်ဆက်ပေးမှာကတော့ ၁၉ ရာစုကိုအခြေခံထားတဲ့ ဂျပန်အခြေပြု စစ်ဘက်ရေးရာ သူလျှိုကားလေးပဲ ဖြစ်ပါတယ်။ ကာတို ဆိုတဲ့စစ်သားတစ်ယောက်ဟာ ကိုယ့်ရဲ့အပေါင်းအဖော်ဘက်က ကာပြီး အထက်အရာရှိတစ်ဦးနဲ့ ပြဿနာဖြစ်ခဲ့တာကြောင့် သေဒဏ်ချမှတ်ခံခဲ့ရပါတယ်။ ဒါပေမဲ့ ကံကောင်းချင်တော့ စစ်တပ်လျှို့ဝှက်အဖွဲ့အစည်းရဲ့ ခေါင်းဆောင်က သူ့ကိုမျက်စိကျသွားပြီး အလကားအသေခံမဲ့အစား တိုင်းပြည်အတွက် စပိုင်အဖြစ် ဝင်လုပ်ဖို့ ကမ်းလှမ်းလာခဲ့ပါတယ်။ ဒီလိုနဲ့ ဘဝတစ်ဆစ်ချိုးပြောင်းသွားတဲ့ ကာတိုတစ်ယောက် ဘယ်လိုမျိုး စပိုင်အဖြစ် တိုင်းပြည်အတွက် ပါးနပ်စွာ အလုပ်လုပ်လို့ မစ်ရှင်တစ်လျှောက်မှာ ဘယ်လိုလူမျိုးတွေနဲ့တွေ့ပြီး စပိုင်တစ်ယောက်အတွက် အန္တရာယ်များတဲ့ သံယောဇဥ်တွေ ငြိတွယ်လာဦးမလဲဆိုတာကိုတော့ Joker game ဆိုတဲ့ ဇာတ်လမ်းထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ပါ။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Runa ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း